DVB Logo
Home
မြန်မာသတင်း
မောင်တော အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်သူ ဘင်္ဂါလီ ၅ ဦး ဖမ်းဆီးရမိ
DVB
·
January 16, 2017
မောင်တော အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွင် ပါဝင်သူ ဘင်္ဂါလီ ၅ ဦး ဖမ်းဆီးရမိ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တဲ့ ဘင်္ဂလီ ၅ ဦးကို ဖမ်းဆီးရမိတယ်လို့ စစ်တပ်ပိုင်မြ၀တီ သတင်းမှာဖော်ပြပါတယ်။

တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့် ရဲတွေက အကြမ်းဖက် ဖြစ်စဉ်တွေနဲ့ ပါဝင်ပတ်သက်ခဲ့ သူတွေကို ဖော်ထုတ်စစ်ဆေးနေရာမှာ ဇန်န၀ါရီ ၁၅ ရက် မွန်းတည့် ၁၂ နာရီလောက်က ငါးခူရ(အလယ်ရွာ)နေ အီနုကိုလည်းကောင်း၊ မွန်းလွဲ ၁ နာရီလောက်မှာ ငါးရံ့ချောင်းကျေးရွာနေ ဆွေဒူလာမီ၊ မာမွတ်ကာဆင်း၊ ရှူဟတ်နဲ့ ညနေ ၄ နာရီခွဲလောက်မှာ ပဒါးကားကျေးရွာနေ မာမတ်အီဒရစ် တို့ကို ဖမ်းမိခဲ့တာလို့ဆိုပါတယ်။

အဆိုပါ ဘင်္ဂလီ ၅ ဦးဟာ ငါးခူရနဲ့ ကျီးကန်းပြင် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ ပါဝင်ခဲ့ကြောင်း၊ အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုတွေလုပ်ဖို့ ငွေကြေးထောက်ပံ့ လူအင်အား စုဆောင်းပေးခဲ့သူတွေဖြစ်ပြီး အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် တိမ်းရှောင် နေရာမှ ကျေးရွာတွေကို ပြန်လည်ဝင်ရောက်နေထိုင်စဉ် ဖမ်းဆီးခံရတာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက်ကလည်း ကျီးကန်းပြင် အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ငါးရံ့ချောင်းရွာနေ အဘူဆူဖရင်၊ ဘူရှားနဲ့ မာညက်တို့ ၃ ဦးကို ဖမ်းမိခဲ့တယ်လို့လည်း အစိုးရက သတင်း ထုတ်ထားပါတယ်။

အောက်တိုဘာ ၉ရက်က စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မောင်တောဒေသမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားမှုမရှိတော့ပေမယ့် လူသေဆုံးမှုတွေနဲ့ မီးလောင်မှုတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ဇန်န၀ါရီ ၁၃ ရက်မနက်က မောင်တောမြို့နယ် တုံချောင်း (ချောင်းဝ) ကင်းစခန်းအနီး ပင်လယ်ကမ်းစပ်မှာ အမည်မသိ အမျိုးသားတဦးရဲ့ အလောင်းကို ရဲတပ်ဖွဲ့က တွေရှိခဲ့သလို သက္ကယ်ပြင် ကျေးရွာအုပ်စု အရှေ့ရွာမှာ မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၂လုံး ပျက်စီးသွားခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီတွေကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013