
တရားသောစစ်ထောက်ခံပွဲပြုလုပ်နေတဲ့ မန္တလေးမြို့ မနော်ရမ္မံဥယျာဉ် ဟစ်တိုင်ကွင်းရှေ့မှာ စစ်ပွဲတွေရပ်ဖို့ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်သူတဥိး ဒီကနေ့ ဝိုင်းဝန်းထိုးကြိတ်တာ ခံခဲ့ရပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အမြန်ဆုံးရပ်တန်းပေးဖို့အတွက် ဆန္ဒပြနေချိန် တစ်ဖက်မှာ တရားသောစစ်ပွဲတွေ ဖြစ်ပေါ်နေတာကို ထောက်ခံတဲ့ လူတစ်ချို့က ဝိုင်းဝန်းထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။
တရားသောစစ်ဆိုတာနဲ့ပတ်သက်ပြီး ဘယ်လိုပေတံတွေနဲ့ တိုင်းတာထားသလဲ ကြားထဲက မြေဇာပင်ဖြစ်နေတဲ့ ပြည်သူတွေအတွက် လက်ရှိစစ်ပွဲတွေ အမြန်ရပ်တန့်ဖို့ လိုအပ်တယ်လို့ စစ်ပွဲရပ်ဖို့ တောင်းဆိုခဲ့တဲ့ ပြည်သူတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။
လတ်တလောမှာတော့ ထိုးကြိတ်ခံခဲ့ရတဲ့ စစ်ပွဲတွေရပ်ဖို့ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ် ခဲ့သူကို မန္တလေးမြို့မဟာအောင်မြေမြို့နယ် အမှတ် ၉ မြို့မရဲစခန်းမှာ ခေတ္တခေါ်ယူထားပါတယ်။











