DVB Logo
Home
မြန်မာသတင်း
ထမင်းပေါင်းအိုး မီးပလပ်ထိုးရာမှ နှစ်ထပ်အိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား
DVB
·
January 15, 2017
ထမင်းပေါင်းအိုး မီးပလပ်ထိုးရာမှ နှစ်ထပ်အိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာမြို့၊ အောင်မင်္ဂလာရပ်ကွက်က နှစ်ထပ်အိမ်တလုံးမှာ ထမင်းပေါင်းအိုး ပလပ်ထိုးရာမှ မီးပွားတွေလွင့်စင်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ နေ့လယ် ၁၂  နာရီမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဦးညီညီနိုင် (ခေါ်) ဂျပန်ကြီး က ထမင်းပေါင်းအိုး မီးပလပ်ထိုးရာ မီးပွားတွေက ဓာတ်ဆီနဲ့ ရော်ဘာရောထားတဲ့ ကော်ရည်ပေါ်ကိုကျပြီး ဝါးထရံအကာကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ မိထ္တီလာမြို့မရဲစခန်းစခန်းမှူး ဦးခင်မောင်စိုးက ပြောပါတယ်။

သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်သူတွေနဲ့ မီး သတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၇ စီး၊ အုပ်ချုပ်ယာဉ် ၂ စီး အသုံးပြု မီးငြှိမ်းသတ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၉ သိန်းလောက် ရှိကြောင်း၊ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မီးလောင်တဲ့ပြစ်မှု ပုဒ်မ ၂၈၅ နဲ့ မိထ္တီလာမြို့မရဲစခန်းမှ ဒုရဲအုပ်ချိုတူးက တရားလို ပြုလုပ် အမှုဖွင့်ဆောင်ရွက်တယ်လို့ သိရပါတယ်။

သတင်း-မောင်မောင်လင်းဝမ်းတွင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013