DVB Logo
Home
မြန်မာသတင်း
သမ္မတဟောင်း ဦးသိန်းစိန် အာရှကော့စမိုပိုလီတန်ဆုယူ
DVB
·
January 15, 2017
သမ္မတဟောင်း ဦးသိန်းစိန် အာရှကော့စမိုပိုလီတန်ဆုယူ
Donate to DVB

သမ္မတဟောင်း ဦးသိန်းစိန်ဟာ အရှေ့အာရှရဲ့ နိုဘယ်လ်ဆုလို့ တင်စားခေါ်တဲ့ အာရှကော်စမိုပိုလီတန်ဆုကို ဂျပန်နိုင်ငံ၊ နာရာမြို့မှာ ဒီနေ့ လက်ခံရယူခဲ့ပါတယ်။

ဦးသိန်းစိန်ရဲ့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီအပြောင်းအလဲအတွက် အားထုတ်လုပ်ဆောင်ခဲ့တာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဆုကိုပေးအပ်ခဲ့တာလို့ အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနသိပ္ပံ (အီအာအိုင်အေ) ရဲ့ အွန်လိုင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဆုပေးပွဲအခမ်းအနားမှာ ဦးသိန်းစိန်က “တိုင်းပြည်ကို ငြိမ်းချမ်းစေချင်တယ်၊ အောင်မြင်တဲ့ ဒီမိုကရေစီ နိုင်ငံတော် ဖြစ်စေချင်တယ်၊ လူငယ်တွေအတွက် ကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဖို့ ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး အဲ့ဒီကြွယ်ဝချမ်းသာမှုကို အာရှကို ဝေမျှမယ်” လို့ ပြောသွားပါတယ်။

“နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပိုမိုအသိအမှတ်ပြုလာမှုနဲ့ ပိတ်ဆို့မှုတွေကို အဆုံးသတ်လိုက်တာကြောင့် တိုင်းပြည်အတွင်းမှာ ဒီမိုကရေစီ စနစ်တွေ ပိုမိုထွန်းကားလာတာ ဖြစ်တယ်” လို့လည်း ဦးသိန်းစိန်က ပြောပါတယ်။

ဒီဆုပေးပွဲကို နာရာကာဆူဂါနို အပြည်ပြည်ဆိုင်ရာဖိုရမ် (IRAKA) မှာ ကျင်းပခဲ့တာဖြစ်ပြီး သံအမတ်တွေအပါအဝင် လူ ၃၅၀ခန့် တက်ရောက်ပါတယ်။

အာဆီယံအထွေအထွေ အတွင်းရေးမှူးဟောင်း ဒေါက်တာ ဆူရင်ပစ်ဆူဝန်က ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး သမ္မတလို့ ခေါ်ခဲ့ပါတယ်။

ဦးသိန်းစိန်နဲ့အတူ ကိုနန်တက္ကသိုလ်မှ ပါမောက္ခ မာဆာဟီဆာဖူဂျီတာက စီးပွားရေးနဲ့ လူမှုရေးသိပ္ပံဆု၊ ဟိုက်ကူကဗျာဆရာ အိတ်ခ်ျအီးဟာမန်ဗန်ကို သူ့ရဲ့ ဟိုက်ကူကဗျာအတွက် ယဉ်ကျေးမှုဆုတွေ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013