DVB Logo
Home
မြန်မာသတင်း
ဖလားဝါး အလှူခံအဖွဲ့များ ဥပဒေနှင့်စိစစ်ရန် လူမှုအဖွဲ့ တိုက်တွန်း
DVB
·
January 15, 2017
ဖလားဝါး အလှူခံအဖွဲ့များ ဥပဒေနှင့်စိစစ်ရန် လူမှုအဖွဲ့ တိုက်တွန်း
Donate to DVB

ဖလားပြပြပြီး ၀ါးနေတဲ့ ဖလားဝါးအလှူခံအဖွဲ့တွေကို ဥပဒေနဲ့အညီ စိစစ်ပေးဖို့ မြန်မာ့လူမှုဘ၀တိုးတက်မြင့်မားရေးအသင်းအတွင်းရေးမှူး ဦးနေမျိုးဇင်က အစိုးရကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဇန်န၀ါရီ ၁၃ ရက်က ရန်ကုန်တိုင်း၊ လူမှုဝန်ထမ်းဝန်ကြီးဌာနနဲ့ တိုင်းအတွင်းရှိ လူမှုအဖွဲ့အစည်းတွေ တွေ့ဆုံပွဲမှာ သူက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

“ရန်ကုန်မြို့က နေရာအတော်များများကို သွားကြည့်လိုက်။ မီးပွိုင့်တွေ၊ လမ်းဆုံးလမ်းထောင့်တွေမှာ လူတော့ မပြောင်းဘူး၊ မိုက်ကိုင်ပြီး အလှူခံနေတဲ့သူတော့ မပြောင်းဘူး၊ ဒါပေမယ့် သူချိတ်ထားတဲ့ ဆိုင်းဘုတ်ကတော့ ပြောင်းသွားတယ်။ ရေဘေးဆို ရေဘေး၊ မီးဘေးကယ်ဆယ်ရေးအတွက်၊ နောက်ဆုံးကျ ဆရာတော်ကြီးတွေ အတွက်တို့ စသဖြင့်ပေါ့။ ဆိုင်းဘုတ် ပြောင်းပြောင်းသွားပြီး လူမပြောင်းတဲ့ ဖလားဝါးအုပ်စုတွေနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ ဥပဒေနဲ့အညီ ပြဋ္ဌာန်း ဆောင်ရွက်နိုင်ဖို့ပါ။”

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ အလှူခံအဖွဲ့တွေကို စိစစ်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

လူမှုဝန်ထမ်းဌာနနဲ့ ရန်ကုန်တိုင်းအတွင်းရှိ လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်နိုင်ဖို့ စုစည်းနေကြပါတယ်။

ပထမဆုံးအနေနဲ့ အင်တာနက်စာမျက်နှာတခု တည်ထောင်ပြီး အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေ လွှင့်တင်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဆင်းရဲမွဲတေမှုနဲ့ အချောင်သမားစိတ်ဓာတ်တွေကြောင့် အလှူခံစားတဲ့အဖွဲ့တွေ များလာတာဖြစ်ပြီး အစိုးရက တိကျတဲ့ဥပဒေပြဋ္ဌာန်းပြီး ဟန့်တားဖို့ လိုသလို ပြည်သူလူထုကလည်း စိစစ်ပြီးမှ လှူကြဖို့လိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013