DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် လမ်းလုပ်သားတဦးကို ယာဉ်တစီးကတိုက်ပြီး မောင်းပြေး
DVB
·
January 15, 2017
မော်လမြိုင်တွင် လမ်းလုပ်သားတဦးကို ယာဉ်တစီးကတိုက်ပြီး မောင်းပြေး
Donate to DVB

လမိုင်းမြို့၊ သဲချောင်းတံတားအနီး စံပြကျေးရွာ ရေး-မော်လမြိုင်သွားလမ်းမကြီး မိုင်တိုင်အမှတ် (၈၁/၂) နဲ့ (၈၁/၃) အကြားမှာ ဇန်နဝါရီ ၁၅ ရက်နေ့ မနက်အစောပိုင်းက အမျိုးသားတဦး ယာဉ်တိုက်မိပြီး သေဆုံးသွားပါတယ်။

ဖြစ်စဉ်မှာ ခြေလျင်လမ်းလျှောက်လာတဲ့ လမ်းခင်းလုပ်သား ဇော်မင်း ၃၅ နှစ်ကို ရေးမြို့ဘက်က မောင်းနှင်လာတဲ့ အမျိုးအမည်မသိ ယာဉ်ကတိုက်ပြီး ထွက်ပြေးသွားခဲ့တာပါ။

ယာဉ်တိုက်မှုကြောင့် ဇော်မင်းမှာ ဦးခေါင်းနောက်စေ့ကွဲပြီး ပွန်းပဲ့ဒဏ်ရာများရရှိကာ ဆေးရုံပို့ ကုသစဉ် သေဆုံးသွားခဲ့ကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရပါတယ်။

ထိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လမိုင်းနယ်မြေရဲစခန်းက အမည်မသိ ယာဉ်မောင်းကို အမှုဖွင့်အရေးယူဖို့ စုံစမ်းဖော်ထုတ်နေပါတယ်။

နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013