DVB Logo
Home
မြန်မာသတင်း
ရေးမြို့ ပညာရေးအတွက် ကျပ်သန်း ၄၀၀ ကျော် သုံးစွဲမည်
DVB
·
January 15, 2017
ရေးမြို့ ပညာရေးအတွက် ကျပ်သန်း ၄၀၀ ကျော် သုံးစွဲမည်
1 / 7
Donate to DVB

၂၀၁၆-၂၀၁၇ ခုနှစ်ပညာရေးဘဏ္ဍာရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၄၀၅ ဒသမ ၃ သန်းကို ရေးမြို့နယ်ရှိ အခြေခံပညာ ကျောင်း ၈ ကျောင်းမှာ ကျောင်းဆောင်သစ်တွေ ဆောက်လုပ်သွားမယ်လို့ မြို့နယ်ပညာရေးမှူးရုံးက ပြောပါတယ်။

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်/လယ်/ မူ ကျောင်း ၈ ကျောင်းမှာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်းမှာ ပညာရေးရန်ပုံငွေ ကျပ်သန်းပေါင်း ၄၀၅ ဒသမ ၃ သန်းနဲ့ ကျောင်းဆောင်သစ်တွေကို ဆောက်လုပ်သုံးစွဲမယ်လို့ ဆိုပါတယ်။

အဆိုပါ ကျောင်းတွေထဲမှာ အန္တရာယ်ရှိသောကျောင်း သိပ္ပံဆောင်၊ မူကြိုကျောင်း ဆောင်တွေပါရှိပြီး အဆောက်အဦ အမျိုးစားတွေက RC ကွန်ကရစ် ၁ ထပ်မှ ၂ ထပ် နဲ့ Steel Structure တွေလည်းပါရှိပြီး ပြည်တွင်းကုမ္ပဏီ ၈ ခုက သတ်မှတ်ချိန်ကာလအတွင်း တာဝန်ယူပြီး တည်ဆောက်ပေးသွားမယ်လို့ မြို့နယ်ပညာရေးမှူး ဒေါ်မိုးမိုးအေးက ပြောပါတယ်။

“မြို့နယ်မှာရှိနေတဲ့ ကျောင်းတွေထဲမှ အန္တရာယ်ရှိပြီး အဆောက်အဦသစ် တည်ဆောက်ခြင်းနဲ့ အမှန်တကယ်ပြင်ဆင်ရန် လိုအပ်နေတဲ့ ကျောင်းတွေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကျောင်းတွေကို ဆောက်လုပ်ပြင်ဆင်ထိန်းသိမ်းနိုင်ဖို့အတွက် ဦးစားပေးခြင်းဖြစ်တယ်။”

ပထမအကြိမ် အသေးစားပြင်ဆင်ထိန်းသိမ်းရာမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်းကျပ်သိန်းပေါင်း ၇၁၁ သိန်းကျော်လောက်ကို အခြေခံပညာကျောင်းတွေမှာ ရေ၊ ဆိုလာမီး၊ သန့်စင်ခန်း၊ ခြံစည်းရိုး၊ ကျောင်းတွင်းလမ်းတွေမှာ ဆက်လက် သုံးစွဲမည်မှာဖြစ်ပြီး ဒုတိယအကြိမ် ငွေကျပ် ၃၅၆ သိန်း ကျော်ကို လိုအပ်နေတဲ့ စာသင်ကျောင်းတွေအတွက် ဆက်လက်သုံးစွဲသွားဖို့ လျာထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013