DVB Logo
Home
မြန်မာသတင်း
ရွှေလီ​ရေကာတာ ၂ ခု ​ကြောင့်​ ​ဒေသခံ ​သောင်း​ချီ ဒုက္ခ​ရောက်မည်
DVB
·
November 30, 2011
ရွှေလီ​ရေကာတာ ၂ ခု ​ကြောင့်​ ​ဒေသခံ ​သောင်း​ချီ ဒုက္ခ​ရောက်မည်
Donate to DVB

ရွှေလီမြစ်​ပေါ်မှာ တည်​ဆောက်​နေတဲ့​ ​ရွှေလီ​ရေကာတာ ၂ ခု​ကြောင့်​ ​ဒေသခံ ပြည်သူ ၃,ဝဝဝ​ကျော် အတင်း​အဓမ္မ ​နေရာ​ရွှေ့​ပြောင်း​ခံရပြီး​ ​ဒေသခံပြည်သူ ၁၅,၀၀၀ ​ကျော် တိုက်ရိုက်ဆိုး​ကျိုး​တွေ ဖြစ်​ပေါ်နိုင်တယ်လို့​ တအန်း​ (ပ​လောင်) ​ကျောင်း​သား​လူငယ်များ​ အစည်း​အရုံး​ (TSYO) က ထုတ်​ဖော်​ပြောဆို လိုက်ပါတယ်။

‘ထိန်း​ချုပ်မှု​အောက်က မြစ်​ရွှေလီ‘ ဆိုတဲ့​အစီရင်ခံစာကို တအန်း​ (ပ​လောင်) ​ကျောင်း​သား​လူငယ်များ​အစည်း​အရုံး​က နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

ရှမ်း​ပြည်​မြောက်ပိုင်း​ နမ့်​ခမ်း​နဲ့​ မိုး​မြိတ်မြို့​နယ်တွင်း​က ​ရွှေလီမြစ်​ပေါ်မှာ တည်​ဆောက်တဲ့​ အမှတ် ၂ နဲ့​ ၃ ​ရေကာတာစီမံကိန်း​ကြောင့်​ ​ဒေသခံလူထု ၁၅,၀၀၀ ​ကျော် တိုက်ရိုက်ဆိုး​ကျိုး​ သက်​ရောက်မှာဖြစ်တယ်လို့​ အစီရင်ခံစာမှာ ​ထောက်ပြထား​ပါတယ်။

ဒီစီမံကိန်း​ကြောင့်​ ​ဒေသခံ​တွေ ရင်ဆိုင်ရမယ့်​ ဆိုး​ကျိုး​တွေနဲ့​ပတ်သက်ပြီး​ တအန်း​ကျောင်း​သား​လူငယ်များ​ အစည်း​အရုံး​ရဲ့​ အ​ထွေ​ထွေအတွင်း​ရေမှူး​ မိုင်း​အောင်ကိုက ခုလို ရှင်း​ပြပါတယ်။

“ဒီအမှတ် ၂ မှာဆိုရင် ကျ​နော်တို့​ ​မြေဧက​ပေါင်း​ ၂၀၀၀ ​ကျော် ​ရေလွှမ်း​မိုး​မယ်။ ပြီး​လို့​ရှိရင် ကျ​နော်တို့​ အမှတ် ၃ မှာဆိုရင် သူက ​မြေပြန့်​ဒေသ ဖြစ်တဲ့​အတွက် ​ကြောင့်​မို့​လို့​ ​မြေဧက ၃ ​သောင်း​ ​ကျော်​လောက်အထိ ​ရေလွှမ်း​မိုး​ခံရမယ်။ တပြိုင်နက်တည်း​မှာလည်း​ မြစ်​ကြောင်း​တ​လျှောက်မှာ ရှိတဲ့​ ရွာ​ပေါင်း​ ၅၀၀ ကလည်း​ ​ရေ​အောက် မြုပ်မယ်​ပေါ့​နော်။ အဲဒါကို ဒီ ၂၀၁၃ ခုနှစ်မှာ အပြီး​ရွှေ့​ပေး​ဖို့​ မိုး​မိတ် မရယက က​နေပြီး​မှ အဲဒီမှာ ရွာ​ပေါင်း​ ၅ ရွာ ကို ပြီး​ခဲ့​တဲ့​ ၂၀၁၀ တုန်း​က ​ရွှေ့​ပြောင်း​ပေး​ဖို့​ အမိန့်​ထုတ်ထား​တယ်။ မိုး​လိုရွာ၊​ နရုံး​ စတဲ့​ ​ကျေး​ရွာငါး​ရွာကို ​ရွှေ့​ပြောင်း​ဖို့​ အမိန့်​ထုတ်ထား​သလို အဲဒီရွာ​တွေက လူဦး​ရေ ၃၀၀၀ ​ကျော်​လောက်က ​ပြောင်း​ရွှေ့​ပေး​ရမယ်ခင်ဗျ။ သူတို့​ရွှေ့​တာက​တော့​ အခုလက်ရှိ အဲဒီ မိုး​မိတ်နဲ့​ အမှတ် ၃ ​ရေကာတာကြား​မှာ ရှိတဲ့​ အုန်း​ကျောင်သစ်တို့​၊​ ​ကျောက်​တောင်၊​ ၇ မိုင် အဲဒီဘက်မှာ ရှိတဲ့​ရွာ​တွေကိုလည်း​ ​မြေ​တွေကို သူတို့​က သိမ်း​ပြီး​မှ ပြန်လည်​နေရာချထား​ရေး​ ဆိုပြီး​တော့​မှ စီစဉ်​ပေး​တာ​တော့​ ​တွေ့​တယ်။”

ဒါ့​အပြင် အမှတ် ၂ နဲ့​အမှတ် ၃ ​ရေကာတာတည်​ဆောက်ရာ ​ရွှေလီမြစ်တ​လျှောက်က ရွာ​ပေါင်း​ ၂၅ ရွာဟာလည်း​ မြစ်ကို အမှီပြု ​နေထိုင်​နေကြတဲ့​အတွက် ဒီ​ရေကာတာ​ကြောင့်​ အသက်​မွေး​ဝမ်း​ကြောင်း​ လုပ်ငန်း​တွေ ထိခိုက်​စေမှာ ဖြစ်တယ်လို့​ တအန်း​ကျောင်း​သား​လူငယ်များ​ အစည်း​အရုံး​က ​ပြောပါတယ်။

ဒါ့​အပြင် ​ရေကာတာလုံခြုံ​ရေး​အတွက် အစိုး​ရတပ်​တွေ တိုး​ချထား​ပြီး​ လယ်ယာခြံ​မြေ​တွေကို အတင်း​အဓမ္မ အသိမ်း​ခံရမှု​တွေလည်း​ ရှိ​နေတယ်လို့​ ဆိုပါတယ်။

ဒါ့​ကြောင့်​ လက်ရှိတည်​ဆောက်​နေတဲ့​ ​ရွေလီအမှတ် ၂ နဲ့​ ၃ ​ရေကာတာကို ရပ်တန့်​ပေး​ဖို့​နဲ့​ တအန်း​ ပ​လောင်အမျိုး​သား​ပါတီအ​နေနဲ့​လည်း​ ဒီ​ရေကာတာ စီမံကိန်း​နဲ့​ပတ်သက်ပြီး​ လွှတ်​တော်မှာ ​ဆွေး​နွေး​တင်ပြ​ပေး​ဖို့​ လူငယ်​တွေက ​တောင်း​ဆိုပါတယ်။

မိုင်း​အောင်ကိုက “ဒီက ထွက်လာတဲ့​ လျှပ်စစ်က ​ဒေသခံ​တွေအတွက်က ဘာမှာ အကျိုး​အမြတ်မရှိခဲ့​သလို ​ဒေသခံ​တွေရဲ့​ ဆုံး​ဖြတ်ချက်မပါတဲ့​အတွက် ​ကြောင့်​မို့​လို့​ အခုလက်ရှိ အမှတ် ၂ နဲ့​ အမှတ် ၃ ​ဆောက်​နေတဲ့​ ဆည်ကို ကျ​နော်တို့​က ရပ်တန့်​ဖို့​ ​တောင်း​ဆိုတာခင်ဗျ။

“အခု လက်ရှိ တအန်း​ပ​လောင်အမျိုး​သား​ပါတီ ကလည်း​ တရား​ဝင်ပါတီ ဖြစ်​နေတဲ့​ အတွက်​ကြောင့်​မို့​လို့​ သူတို့​အ​နေနဲ့​ ပြည်သူလူထုရဲ့​ ကိုယ်စား​ပြုမှု ​ထောင်ခံမှု ရချင်တယ်ဆိုရင် လက်ရှိ ဒီစီမံကိန်း​ကြောင့်​ ထိခိုက်​နေတဲ့​ ဆိုး​ကျိုး​တွေကို သူတို့​က လွှတ်​တော်ထဲမှာ တင်ပြ​ဆွေး​နွေး​ဖို့​ ကျ​နော်တို့​လည်း​ အကြံပြု​တောင်း​ဆိုထား​တာ ရှိတယ်။ တပြိုင်နက်တည်း​မှာလည်း​ အစိုး​ရအ​နေနဲ့​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်မှု​တွေကို ရပ်တန့်​ပြီး​တော့​ တနိုင်ငံလုံး​အတိုင်း​အတာနဲ့​ အပစ်အခတ်ရပ်စဲ​ရေး​ လုပ်ပြီး​တော့​ စစ်မှန်တဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​တွေ လုပ်ဖို့​လိုအပ်လို့​ ကျန်ာတို့​က ​တောင်း​ဆိုထား​တယ်။”

ရွှေလီ အမှတ် ၂ ​ရေကာတာ စီမံကိန်း​ကို တရုတ်အစိုး​ရက တည်​ဆောက်၊​ လည်ပတ်၊​ လွှဲ​ပြောင်း​ (BOT) စနစ်နဲ့​ ပြုလုပ်ဖို့​ သ​ဘောတူ လက်မှတ် ​ရေး​ထိုး​ထား​ကြောင်း​နဲ့​ မဂ္ဂါဝပ် ၁၀၅၀ ထုတ်လုပ်​ပေး​မယ့်​ အမှတ် ၃ ​ရေကာတာကို​တော့​ ဆွစ်ဇာလန်နိုင်ငံမှ ကိုလန်ကို စွမ်း​အင် အင်ဂျင်နီယာ ကုမ္ပဏီက အမှတ် ၁ လျှပ်စစ် စွမ်း​အား​ဝန်ကြီး​ဌာနနဲ့​ ၂၀၁၀ ပြည့်​နှစ် ​ဖေ​ဖော်ဝါရီလက နား​လည်မှု စာချွန်လွှာ လက်မှတ်​ရေး​ထိုး​ခဲ့​တယ်လို့​ အစီရင်ခံစာမှာ ​ဖော်ပြထား​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013