DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ခိုက်ခံရသည့် ကိုးတန်ကောက်ရဲတပ်ဖွဲ့ဝင်များကို ယန်ဟီးလီ တွေ့ဆုံ
DVB
·
January 15, 2017
အကြမ်းဖက်တိုက်ခိုက်ခံရသည့် ကိုးတန်ကောက်ရဲတပ်ဖွဲ့ဝင်များကို ယန်ဟီးလီ တွေ့ဆုံ
1 / 4
Donate to DVB

ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ၊ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဇန်န၀ါရီ ၁၄ ရက်က မောင်တောဒေသကို ရောက်ရှိလာပြီး လေ့လာစုံစမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မနေ့က မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်မြေရဲစခန်းမှာ တိုက်ခိုက်ခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး ချိန်ခါလီရွာ၊ ကိုးတန်ကောက်ရွာတို့မှာ ဒေသခံ ရခိုင်နဲ့ မွတ်စလင်တွေကို သီးခြားစီ တွေ့ဆုံခဲ့တာပါ။

မွတ်စလင်တွေနဲ့ တွေ့ဆုံချိန်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအ၀င် ဘယ်သူတွေကိုမှ ၀င်ရောက်ခွင့် မပြုခဲ့ပါဘူး။

ညနေပိုင်းမှာ ကိုးတန်ကောက်က မော်တော်ယာဉ်နဲ့ ဘူးသီးတောင်အကျဉ်းထောင်ကို လာရောက်ပြီး အကျဉ်းသားတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

မစ္စယန်ဟီးလီဟာ ဒီကနေ့ ဇန်န၀ါရီ ၁၅ ရက်မှာတော့ မောင်တောမြို့နယ်ထဲက ကျေးရွာတချို့ကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံမှာပါ။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဇန်နဝါရီ ၁၃ ရက်မှ ၁၆ ရက်အထိ ရခိုင်ခရီးစဉ်အဖြစ် စီစဉ်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013