DVB Logo
Home
မြန်မာသတင်း
အပစ်မရပ်တပ်ဖွဲ့တို့နှင့် ဆွေးနွေးပွဲ အစိုးရက ဒီလကုန် ပြီးပြတ်စေလို
DVB
·
January 14, 2017
အပစ်မရပ်တပ်ဖွဲ့တို့နှင့် ဆွေးနွေးပွဲ အစိုးရက ဒီလကုန် ပြီးပြတ်စေလို
1 / 2
Donate to DVB

အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ နဲ့ ညှိနှိုင်းဆွေးနွေးတာတွေကို ဒီလကုန်မှာ အပြီးဖြတ်လိုတယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်ကိုယ်စားလှယ် အဖွဲ့ကပြောလိုက်ပါတယ်။

အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့တို့ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၁၃ ရက်က ထိုင်းနိုင်ငံ ချင်မိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့အပြီး ပြောခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်က အကြံပေး ဦးလှမောင်ရွှေက  “အခုဇန်နဝါရီလ အတွင်းမှာ တကြိမ်ပေါ့ ပြန်တွေ့မယ်။ ပြန်တွေ့ဖို့ သူတို့ ဒီပီအင် အဆိုပြုထားတာပေါ့နော်။ ဒါကိုတော့ ငြိမ်းချမ်းရေးကော်မရှင်ကို ပြန်တင်ပြမယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ကော်မရှင်ဘက်မှာတော့ ဒီလ မကုန်ခင်မှာ ညှိနှိုင်းမှုတွေကို  ပြီးပြတ်စေလိုတယ်၊ ဒါမှာ Framework meeting ကိုလုပ်ပြီး ဆက်ပြီးတော့ အတည်ပြုနိုင်မယ်။ ဒါမှပဲ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဆက်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။”

unnamed1

ခူဦးရယ်ဦးဆောင်တဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ် (ဒီပီအင်) အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တို့အကြား ၂ လကြာ ရပ်ဆိုင်းထားတဲ့ ဆွေးနွေးပွဲတွေ ပြန်စနေ တာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ဒီပီအင် ဘက်က တင်ပြထားတဲ့ အချက် ၉  ချက်ကိစ္စကို ပြန်လည် ဆွေးနွေးခဲ့သလို ငြိမ်းချမ်းရေးကော်မရှင်ဘက်က ယူဆောင်လာတဲ့ မှုဝါဒတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဦးလှမောင်ရွှေ က “ဒီနေ့ကျနော်တို့ဆွေးနွေးတာ အဓိကတော့ ၃ ခုရှိပါတယ်။ အဓိကတော့ ဒီပီအင် က အဆိုပြုထားတဲ့ အချက်ကိုချက်ကိစ္စ အဆိုပြုထားတယ်။ နောက်ပြီးတော့ ဂျေအမ်စီ နဲ့ပတ်သက်တဲ့ မရှင်းလင်းတဲ့ ကိစ္စတွေကို ပြန်လည်တင်ပြဆွေးနွေးတယ်။ တတိယ ကတော့ လာမယ့် ဆွေးနွေးပွဲ ဘယ်လိုဆောင်ရွက်နိုင်မလဲ၊ ဆွေးနွေးတော့ ဒီနေ့ အဲဒီ ၃ ခုလုံးကို ပြီးအောင်ဆွေးနွေးနိုင်ခဲ့ပါတယ်။”

ဆွေးနွေးပွဲမှာ အစိုးရဘက်က ဦးအောင်ကြည်၊ ဒေါက်တာမင်းဇော်ဦး၊ ဦးလှမောင်ရွှေနဲ့ ဦးကျော်လင်းဦး တို့တက်ရောက်ခဲ့ပါတယ်။

သူတို့အနေနဲ့ ဒီဆွေးနွေးပွဲက ရလာတဲ့ အချက်တွေကို ကော်မရှင်နဲ့တာဝန်ရှိတဲ့ သူတွေကို တင်ပြမှာဖြစ်ပြီး နောက်တကြိမ် တွေ့ဆုံဆွေးနွေးကြဦးမှာပါ။

အစိုးရက ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို လာမယ့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ကျင်းပပြုလုပ်ဖို့ ရည်မှန်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013