DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် မောင်တောကို မစ္စယန်ဟီးလီ သွားရောက်
DVB
·
January 14, 2017
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် မောင်တောကို မစ္စယန်ဟီးလီ သွားရောက်
1 / 7
Donate to DVB

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းလေ့လာဖို့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဒီနေ့ မနက်ပိုင်းက မောင်တောကို ထွက်ခွာသွားပါတယ်။

မစ္စယန်ဟီးလီဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲမှာ မြန်မာ့လေကြောင်းနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာတော့ မစ္စယန်ဟီးလီဟာ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရဲစခန်းနဲ့ ဘူးသီးတောင်မြို့ အကျဉ်းထောင်တွေကိုလည်း သွားရောက်မှာဖြစ်ပြီး မောင်တောမြို့နယ် ကျီးကန်ပြင်၊ ဝါးပိတ်၊ ကြက်ရိုးပြင်၊ ရွာမကျေးရွာ ရွှေဗဟိုရ်အုန်ကြီးကျောင်းတို့ကို သွားရောက်ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ စည်ပင်ဝန်ကြီး ဦးမင်းအောင်ကတော့ “အခုလေးတင်ထွက်သွားပါပြီ။ သူ့အနေနဲ့ ဒီခရီးစဉ်မှာတော့ လွတ်လွတ်လပ်လပ်သွားချင်တယ်၊ တွေ့ချင်တယ်လို့ ပြောပါတယ်။ ကချင်သွားတုန်းက သူအနေနဲ့ ဘာမှ သွားခွင့်မရခဲ့ဘူးလို့ ပြောပါတယ်။ နောက်ပြီး ရွာတွေသွား တဲ့နေရာမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါရင် အပြင်မှာနေဖို့ ပြောထားပါတယ်။ သူမအနေနဲ့ လွတ်လွတ်လပ်လပ် မေးခွင့်ရချင်လို့ ပြောပါတယ်။ ကျနော်တို့ဘက်ပြောတာက သိပ်မကြာသေးခင်က သတင်းအမှန်တွေပြောတဲ့ နေရာမှာ သတ်ဖြတ်ခံရတာတွေ ရှိတယ်လို့ ပြောပါတယ်။ ဒီအပေါ်မှာ သတိထားပြီး မေးမြန်းစေချင်လို့ ပြောထားပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

မစ္စယန်ဟီးလီဟာ မနေ့ ညနေပိုင်းမှာတော့ စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက်မှာ ဘင်္ဂါလီတွေနဲ့ ဆွေးနွေးမှု ပြုလုပ်ရာမှာ ကျန်းမာရေး၊ ပညာရေးတွေအပြင် ဘင်္ဂါလီတွေ တက္ကသိုလ်မှာ ပညာဆက်လက်သင်ကြားခွင့်ရဖို့ ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံမှုမှာ ပါဝင်သူ အောင်မင်္ဂလာရပ်ကွက်မှ ဦးလှကျော်က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ဇန်နဝါရီလ ၁၃ ရက်နေ့ မှ ၁၆ ရက်နေ့ထိ ရခိုင်ခရီးစဉ်အဖြစ်စီစဉ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက နယ်ခြားစောင့်ရဲကင်းစခန်းတွေ တိုက်ခိုက်ခံခဲ့ရပြီးနောက် မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ-ဒီဗွီဘီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013