DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာ ၅ ဦး အသတ်ခံရမှု အမျိုးသား ၁၅ ဦးကို ဖမ်းဆီး
DVB
·
January 14, 2017
မလေးရှားတွင် မြန်မာ ၅ ဦး အသတ်ခံရမှု အမျိုးသား ၁၅ ဦးကို ဖမ်းဆီး
Donate to DVB

ကွာလာလမ်ပူမြို့ စာဒန်းစက်မှုဇုန်မှာ မြန်မာအလုပ်သမား ၅ ဦး သတ်ခံရတာနဲ့ ပတ်သက်ပြီး အမျိုးသား ၁၅ ဦးကို မလေးရှားရဲက ဖမ်းဆီးစစ်ဆေးနေပါတယ်။

အသက် ၁၉ နှစ်နဲ့ ၅၀ ကြားအရွယ်ရှိ သံသယရှိသူ ၁၅ ဦးတို့ကို စာဒန်းစက်ရုံအနီးမှာ ဇန်န၀ါရီ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီလောက်က ဖမ်းဆီးခဲ့တာလို့ ကပုန်းနာရေးကူညီမှုအသင်းက ဦးစန်းဝင်းက ပြောပါတယ်။

“၁၂ ရက်နေ့က သံသယရှိတဲ့သူ ၁၅ ယောက်ကို ဖမ်းဆီးထားပါတယ်။ သူဌေး အပါအ၀င် ၁၅ ယောက်ကို ဖမ်းထားပါတယ်။ ကလေးတွေရဲ့ ပြောပြချက်အရဆိုရင် တခါက ပစ္စည်းပျောက်မှုနဲ့ ဒီ သူဌေးကို တိုင်ဖူးတယ်။ ပစ္စည်းခိုးထုတ်တဲ့သူတွေနဲ့ သူဌေးနဲ့ပေါင်းပြီးတော့ ဒီကလေးတွေကို နှုတ်ပိတ်ပစ်လိုက်တာ ဖြစ်မယ်လို့ ရဲက ယူဆနေတယ်။”

လူသတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ သံသယရှိသူတွေကို ရဲတပ်ဖွဲ့က ၆ ရက်ကြာ ရမာန်ယူ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆီလန်ဂေါပြည်နယ် ရာဇဝတ်မှု စုံစမ်းဖော်ထုတ်ရေးဌာန အကြီးတန်းလက်ထောက်ကော်မရှင်နာချုပ် ဖက်ဇေလ်အမက်က ပြောကြောင်း နယူးစထရိတ်တိုင်းမ် သတင်းမှာလည်း ဇန်နဝါရီလ ၁၂ ရက်နေ့က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း ဒီလူသတ်မှုနဲ့စပ်လျဉ်းပြီး မြန်မာလူမျိုး ၇ ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။

ဇန်နဝါရီ ၅ ရက်နေ့က စက်ရုံကနေ အိမ်ကို လမ်းလျှောက်ပြန်လာတဲ့ မြန်မာအလုပ်သမားတွေဟာ ဓားကိုင်ထားတဲ့ လူတစုရဲ့ တိုက်ခိုက်တာကို ခံခဲ့ရလို့ အခင်းဖြစ်ပွားနေရာမှာ ၄ ဦး သေဆုံးခဲ့ပြီး နောက်တဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့တာပါ။ နောက်ထပ်အပြင်းအထန် ဒဏ်ရာရထားတဲ့ အလုပ်သမား ၂ ဦးကတော့ ပြန်လည် ကောင်းမွန်လာပြီလို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာလုပ်သားဦးရေ ငါးသိန်းဝန်းကျင်လောက် သွားရောက်လုပ်ကိုင်နေကြပြီး မြန်မာလုပ်သားအများစုဟာ စက်ရုံလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။

မြန်မာအလုပ်သမားတွေ ဓားနဲ့ဝိုင်းခုတ်ခံရလို့ ၅ ဦး သေဆုံးတာနဲ့ပက်သက်ပြီး မြန်မာသံရုံးက စုံစမ်းဖော်ထုတ်နေသလို အစိုးရအနေနဲ့လည်း မြန်မာအလုပ်သမားတွေ လုံခြုံရေးအတွက် ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတရုံးရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဗွီဘီကို ဇန်န၀ါရီ ၇ ရက်နေ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013