DVB Logo
Home
မြန်မာသတင်း
မြန်မာအပါအဝင် ၁၁ နိုင်ငံတွင် ဆင်ခြေထောက်ရောဂါ ပပျောက်ရေး အရှိန်ဟုန်မြှင့်ဆောင်ရွက်
DVB
·
January 14, 2017
မြန်မာအပါအဝင် ၁၁ နိုင်ငံတွင် ဆင်ခြေထောက်ရောဂါ ပပျောက်ရေး အရှိန်ဟုန်မြှင့်ဆောင်ရွက်
Donate to DVB

မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ ဒေသဆိုင်ရာ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ ၂၀၂၀ ခုနှစ်အတွင်း ဆင်ခြေထောက် ရောဂါလုံးဝပပျောက်သွားဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြပါတယ်။

မြန်မာနိုင်ငံမှာ ဆင်ခြေထောက် ရောဂါအမြစ်တွယ်နေတဲ့ ခရိုင်ပေါင်း ၄၇ ခု ရှိပြီးတော့ တနှစ်ကို တကြိမ်နှုန်းနဲ့ ငါးနှစ်ဆက်တိုက် ကာကွယ်ဆေး တိုက်ကျွေးနိုဖို့ လုပ်ဆောင်နေတာပါ။

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးပေး ညှိနှိုင်းအစည်းအဝေးကို နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ ဇန်န၀ါရီလ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (ခေတ္တညွှန်ကြားရေးမှူးချုပ်) ဒေါက်တာသန်းဝင်း က “ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးလုပ်ငန်း အောင်မြင်ဖို့အတွက် လူဆေးကျွေးခြင်းလုပ်ငန်းသာမက၊ လူအားလုံး ဆေးကျွေးခြင်း လုပ်ငန်းကို ကျနော်တို့ ဆေးကျွေးပြီးတဲ့အခါမှာ ပြန်ပြီးတော့ Research ပြန်လုပ်ရမယ်။ အဲဒါကို ဆိုလိုတာက Transation Assessment Servey ပါ။ အဲဒါကို ကျနော်တို့ ဆက်ပြီးတော့ ဆောင်ရွက်မယ်။ လိုအပ်တဲ့ နည်းပညာ၊ အထောက်ပံ့များကိုလည်း ပေးဖို့လည်း စီစဉ် ဆောင်ရွက်ထားပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က တိုင်းဒေသကြီး ၇ ခုအပါအ၀င် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ် တွေမှာရှိတဲ့ လူဦးရေ ၃၃ ဒသမ ၈ သန်းကို ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေး နိုင်ခဲ့တယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက ပြောပါတယ်။

သွေးလွန်တုပ်ကွေး/ဆင်ခြေထောက်ကင်းစင်ရေး စီမံကိန်းဗဟို၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာဇော်လင်းက “ဒီဆင်ခြေထောက်ရောဂါကလည်းပဲ ရောဂါကူးစက်ခံရပြီးတာနဲ့ ချက်ချင်း ရောဂါလက္ခဏာတွေ ပြလာတာ မဟုတ်ပါဘူး။ နှစ်တော်တော်လေးကိုကြာမှ ရောဂါလက္ခဏာတွေ ပြလာတာပါ။ တနည်းအားဖြင့် ပြောရရင် ကိုယ့်ကိုယ်ကို ရောဂါ ကူးစက်ခံနေရမှန်းမသိဘဲနဲ့ ကူးစက်ခံနေရနိုင်ပါတယ်။ အဲလိုမျိုးလူတွေက တော်တော်လေးကို ရှိနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီလိုရောဂါ ကာကွယ်နိုင်အောင်လို့ အဲလိုအဆင့်မှာ ဆေးသောက်နိုင်အောင်လို့ တနိုင်ငံလုံးကို အမြစ်တွယ်မှုရှိတဲ့ဒေသတွေ အားလုံးကို လွှမ်းခြုံပြီး ဆရာတို့က ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီ ၂၀ ရက်ကနေ ၂၉ ရက်နေ့မှာ လူထုအနေနဲ့ ရှားရှားပါးပါး အလှူရှင်တွေလည်းရှိတယ်။ ဆေးက နှစ်မျိုးကို ပေါင်းစပ်ပြီးတော့ တိုက်မှာဆိုတော့ နှစ်မျိုးကို တဖွဲ့ဆီက လှူတာပေါ့။” လို့ ပြောပါတယ်။

ကလေး၊ တမူး၊ ကသာ၊ ပြင်ဦးလွင် စတဲ့ မြို့တွေနဲ့ မကွေးဒေသကြီးထဲက မင်းဘူးခရိုင်နဲ့ ကချင်ပြည်နယ်ထဲက ဗန်းမော်၊ မြစ်ကြီးနား ခရိုင် ၂ ခုတို့မှာလည်း အဲဒီ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးစရာမလိုတော့ဘူးလို့လည်း သိရပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ သန်းပေါင်း ၁၄၀၀ ကျော်ဟာ ခြေထောက်ရောဂါ ကူးစက်နိုင်တဲ့ နိုင်ငံပေါင်း ၇၃ နိုင်ငံမှာ နေထိုင်နေပြီးတော့ အဲဒီထဲက သန်း ၁၂၀ ကျော်ဟာဆိုရင် ဆင်ခြေထောက်ရောဂါကူးစက်မှုရှိနေတာပါ။

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး သန်ချဆေးပေါင်းတိုက်ကျွေးနိုင်ခဲ့တဲ့ နိုင်ငံပေါင်း ၆၀ ထဲက သီရိလကာင်္၊ ကမ္ဘောဒီယား၊ ဗီနားတူးနဲ့ မော်ဒဒိုက် နိုင်ငံတွေ အပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ ဆင်ခြေထောက် ရောဂါ ကင်းဝေးတော့မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013