DVB Logo
Home
မြန်မာသတင်း
သာယာဝတီမြို့နယ်တွင် တရားမ၀င် ပိတောက်သစ်တုံးများ ဖမ်းမိ
DVB
·
January 13, 2017
သာယာဝတီမြို့နယ်တွင် တရားမ၀င် ပိတောက်သစ်တုံးများ ဖမ်းမိ
Donate to DVB

ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာ ရန်ကုန်- ပြည် ကားလမ်းပေါ်မှာ ဒီနေ့မနက် ၈ နာရီလောက်က တရားမ၀င် တင်ဆောင်လာတဲ့ ပိတောက် သစ်တုံးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ရဲအုပ်အောင်နိုင်ထွန်းဦးစီးတဲ့ ပူပေါင်းအဖွဲ့အနေဟာ တရားမ၀င် သစ်တွေ တင်ဆောင်လာတယ်လို့ သတင်းအရ သွားရောက်စစ်ဆေးရှာဖွေခဲ့ရာ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာ၊ သီဟိုဠ်မြိုင်ရပ်ကွက် နေသူ ယာဉ်မောင်း နိုင်လင်းဦး မောင်းနှင်လာသော 1C- 3046 NISSAN ၁၂ ဘီးယာဉ်ပေါ်မှာ တင်ဆောင်လာတဲ့ တရားမဝင်ပိတောက်သစ်တုံး ၅ တန်လောက်ကို စစ်ဆေးတွေရှိခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖမ်းဆီးရရှိတဲ့ တရားမဝင်ပိတောက်သစ်တုံးတွေကို အသေးစိတ်တိုင်းတာစစ်ဆေးနိုင်ဖို့ မြို့နယ်သစ်တောဦးစီးဌာနဖို့ ပို့ဆောင်ထားပြီး သစ်တောဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။

သတင်း-ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013