DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်ရှိ မဲဆန္ဒရှင်များကို ဒေသသုံးဘာသာစကားဖြင့် ရွေးကောက်ပွဲပညာပေးမည်
DVB
·
January 13, 2017
ချင်းပြည်နယ်ရှိ မဲဆန္ဒရှင်များကို ဒေသသုံးဘာသာစကားဖြင့် ရွေးကောက်ပွဲပညာပေးမည်
Donate to DVB

ချင်းပြည်နယ်ထဲမှာ ဘာသာစကားအခက်အခဲကြောင့် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကျရင် ဒေသခံ ဘာသာစကားကို အများဆုံး အသုံးပြုပြီး  မဲဆန္ဒရှင်ပြည်သူတွေကို ပညာပေးသွားမယ်လို့ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။

ဧပြီ ၁ ရက်နေ့မှာ နိုင်ငံတ၀န်း လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက်  ကြားဖြတ်ရွေးကောက်တွေ ကျင်းပဖို့ရှိနေရာမှာ ချင်းပြည်နယ် ထန်တလန်မြို့နယ်လည်း ပါဝင်တဲ့ အတွက် ကော်မရှင်က  ကြိုတင်ပြင်ဆင်နေတာပါ။

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အရာရှိ ဦးလင်းကျော်က “၂၀၁၅ ရွေးကောက်ပွဲအတွေ့အကြုံအရ ဗဟိုမဲပေးသင်တန်းသွားတက်မယ့် ၆ ဦးကိုလည်း ဒေသခံဘာသာစကားတတ်တဲ့သူကို ဦးစားပေးရွေးချယ်ထားတယ်။ ဆင့်ပွားသင်တန်းတွေမှာလည်း ဒေသဘာသာစကားကျွမ်းကျင်တဲ့သူတွေကို သင်တန်းပေးသွားမယ်။ ရွေးကောက်ပွဲ ပညာရေးပေးရေး ဝေတဲ့စာနဲ့ ဗီနိုင်းတွေကို ဒေသဘာသာစကားနဲ့ ၈၀ ရာခိုင်နှုန်း၊ မြန်မာဘာသာနဲ့ ၂၀ ရာခိုင်နှုန်း အသုံးပြုသွားမယ်”လို့ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် ထန်တလန်မြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃သောင်းနီးပါးရှိပြီး မဲရုံ ၁၀၁ ရုံဖွင့်လှစ်သွားမယ်၊ မဲရုံဝန်ထမ်းအရေအတွက် ၆၆၈ ဦးခန့်ထားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက  မြန်မာစာမတတ်တဲ့ ဒေသခံတိုင်းရင်းသားတွေ  ဆန္ဒမဲပေးရာမှာ အခက်အခဲတွေ့ ခဲ့ရတယ်လို့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးဆလိုင်းငယ်ပီး ကပြောပါတယ်။

“လွန်ခဲ့တဲ့ရွေးကောက်ပွဲတွေပြန်ကြည့်မယ်ဆိုရင် ဘာသာစကားအခက်အခဲဆိုးကျိုးက မဲစာရွက်ပေါ်မှာပိုထိလာတယ်။ ဥပမာ-ဦးဟရန်ကီရန်လိုဆိုတဲ့နာမည်မျိုးဆိုရင် တောရွာဘက်က မဲဆန္ဒရှင်တွေက ဗမာစာဖတ်တာ ပိုခက်ခဲတဲ့တွက်ကြောင့် ဘာမှန်းမသိကြတော့ဘူး။ ဒါကြောင့် ချင်းစာနဲ့ ပြောင်းဖို့လိုတဲ့ အကြောင်းရင်းတခုဖြစ်တယ်”

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ချင်းပြည်နယ်မှာလစ်လပ်နေတဲ့  အမျိုးသားလွှတ်တော်အမှတ် ကိုယ်စားလှယ်နေရာ ၁နေရာအတွက် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ဇာတလဲမ်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပူးဘွဲခိန်း ၊ ကြံ့ခိုင်ရေးပါတီက ပူးဇိုပဲန်း တို့ ၃ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၆ ရက်နေ့ကတော့  ချင်းပြည်နယ် မတူပီမြို့နယ်က ပြည်နယ်လွှတ်တော် အမတ်တဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ဦးဟွန်းခဲန်ဟာ ဆိုင်ကယ်မတော်တဆဖြစ်တဲ့ ဒဏ်ရာနဲ့  ကွယ်လွန်သွားခဲ့လို့ ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်နေရာ ၁ နေရာ ထပ်မံလစ်လပ်သွားပါတယ်။

အဆိုပါလစ်လပ်နေရာအတွက်တော့ ဧပြီလကြားဖြတ်ရွေးကောက်ပွဲမှာ ထည့်သွင်းကျင်းပဖို့  အချိန်မမီနိုင်တော့ဘူးလို့  မတူပီမြို့နယ် ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။

သတင်း-  ဆလိုင်းလာလ်နွန်အုပ်

ဓာတ်ပုံ-ChinWorld

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013