DVB Logo
Home
မြန်မာသတင်း
၂၀၁၆ ခုနှစ်အတွင်း ၁၈၄၇ ကြိမ် မီးလောင်မှုဖြစ်၊ သိန်း ၄ ထောင်ကျော်ဖိုး ဆုံးရှုံး
DVB
·
January 13, 2017
၂၀၁၆ ခုနှစ်အတွင်း ၁၈၄၇ ကြိမ် မီးလောင်မှုဖြစ်၊ သိန်း ၄ ထောင်ကျော်ဖိုး ဆုံးရှုံး
Donate to DVB

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း မြန်မာတနိုင်ငံလုံးမှာ မီးလောင်မှု အကြိမ်ရေ ၁၈၄၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်းဖိုးကတော့ သိန်းပေါင်းငွေကျပ် ၄ သောင်းကျော် ဆုံးရှုံးခဲ့ပါတယ်။

ဒီမီးလောင်မှုတွေမှာ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကတော့ ကျပ်သိန်းပေါင်း သုံးသောင်းခြောက်ထောင်ကျော်ရှိပြီး မီးလောင်မှုအနေနဲ့ အကြိမ်ရေ ၂၂၀ ရှိပါတယ်။

“မြန်မာနိုင်ငံမှာ မီးလောင်မှုတွေ တိုးသွားတာကတော့ ခုနကပြောသလိုပဲ လူနေမှု အဆင့်အတန်းမြင့်လာတာတို့၊ ခေတ်မီဖွံ့ဖြိုးတိုးတက်လာတာတို့ အဲဒီလိုဖြစ်လာလေ မီးလောင်မှု များလာလေ။ ပစ္စည်းတွေကတော့ အိမ်တိုင်း၊ လူတိုင်း ထားလေကောင်း လေပါပဲ။” လို့ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူရ က ပြောပါတယ်။

ရန်ကုန်မြို့မှာမီးလောင်မှုဖြစ်ပွားတဲ့နေရာတွေကို မြင်တွေနိုင်ဖို့အတွက် အထပ်မြင့် အဆောက်အဦးတွေဖြစ်တဲ့ ဆာကူရာတာဝါ၊ ရှန်ဂီလာဟိုတယ်၊  ဘုရင့်နောင်တာဝါ၊ မြ၀တီတာဝါ နဲ့  ၈ မိုင်တာဝါ တွေမှာ ကင်မရာ ၈ လုံးကို လုံးတပ်ဆင်ထားပါတယ်။

လက်ရှိ မှာတော့ ကင်မရာတပ်ဆင်ထားပြီး ဖြစ်တဲ့  အဆောက်အဦတွေက ကင်မရာတွေကို ဆောက်လုပ်ပြီးစီးထားတဲ့ အထပ်မြင့်အဆောက်အဦတွေဆီ ပြောင်းလဲတပ်ဆင်နေပါတယ်။

မီးလောင်တဲ့နေရာတွေကို မြင်တွေနိုင်ဖို့အတွက် တပ်ဆင်ထားတဲ့ ကင်မရာအရေအတွက် နည်းနေသေးတာကြောင့် ရန်ကုန်တမြို့လုံးကို လွှမ်းခြုံပြီး မြင်တွေနိုင်ဖို့ နောက်ထပ် နေရာ ၇ နေရာမှာလည်း ကင်မရာတွေ တပ်ဆင်သွားဖို့ စီစဉ်နေပါတယ်လို့ ဦးကျော်သူရက ဆက်ပြောပါတယ်။

“အခုဆိုရင် အဲဒီတာဝါတွေမှာ ကင်မရာ ၂ လုံးစီတပ်ထားတော့ ၈ လုံးတပ်ဆင် ထားတယ်။ အခု ဒီနှစ်မှာ ဘာလုပ်မလဲဆိုတော့ အဲဒီကင်မရာတွေကို နောက်ထပ်ဆောက်တဲ့ အထပ်မြင့် တွေကိုပြောင်းတပ်နေတယ်။ အခုဆိုရင် မြ၀တီတာဝါမှာ တပ်တဲ့ ကင်မရာကို ၃၂ ထပ် အဆောက်အဦမှာ ပြောင်းတပ်တယ်။ မနေ့ကပဲ ပြောင်းတပ်တယ်။ အခု အဲဒီဟာကို ပွိုင့်တူပွိုင့်နဲ့ စမ်းနေပြီ။ ပိုပြီးမြင့်သွားပြီး တော့ မြင်ကွင်းလည်း ပိုကျယ်သွားနိုင်တယ်။ အလားတူပဲ ကျန်တဲ့ကင်မရာတွေကို ခွဲပြီးတော့ လွှမ်းခြုံသွားအောင် တပ်မှာပါ။”

၂၀၁၅ ခုနှစ်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ မီးလောင်ကျွမ်းမှု ၁၇၀၈ ကြိမ်ရှိပြီး ဆုံးရှုံးမှုတန်ဖိုးက ငွေကျပ်သိန်းပေါင်း ၂၃၀၀ ကျော်သာရှိသာရှိပါတယ်။

၂၀၁၅ ခုနှစ် နဲ့ ၂၀၁၆ ခုနှစ် မီးလောင်ကျွမ်းမှုကို နှိုင်းယှဉ်ပါက ၂၀၁၆ ခုနှစ်က ၂၀၁၅ ခုနှစ်ထက် မီးလောင်မှုအကြိမ်ရေ ၁၃၉ ပိုများခဲ့ပါတယ်။

ဟေမာဝင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013