DVB Logo
Home
မြန်မာသတင်း
မောင်တောက ထွက်ပြေးလာသူများအား စိစစ်ပြန်ခေါ်ရန် ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာ သဘောတူ
DVB
·
January 13, 2017
မောင်တောက ထွက်ပြေးလာသူများအား စိစစ်ပြန်ခေါ်ရန် ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာ သဘောတူ
Donate to DVB

မောင်တောအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် မြန်မာပြည် ဘက်နေ ထွက်ပြေးလာသူ တွေကို စနစ်တကျစိစစ် ပြန်လည်ခေါ်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ သဘော တူလိုက်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်တင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကို ဇန်န၀ါရီ ၁၁ ကနေ ၁၂ ရက်ထိ သွားရောက်ခဲ့ပြီး ၀န်ကြီးချုပ်ရှိတ်ဟာဆီနာနဲ့ရော နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီနဲ့ပါ နှစ်နိုင်ငံဆက်ဆံရေးကိစ္စတွေ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၉ရက်နေ့က မောင်တောမှာ မြန်မာနယ်ခြားစောင့်ရဲကင်းစခန်းတွေ အကြမ်းဖက်ခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မြန်မာနိုင်ငံသား ၅၀၀၀၀လောက် လာရောက်ခိုလှုံနေပြီး အမြန်ဆုံးပြန်လည်ခေါ်ယူဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တောင်းဆိုထားတာပါ။

ကုလသမဂ္ဂကလည်း အောက်တိုဘာ ၉ရက်နောက်ပိုင်း မြန်မာပြည်ဘက်က ထွက်ပြေးလာတဲ့ မွတ်စလင် အရေအတွက် ၆၅၀၀၀ လောက်ရှိမယ်လို့ ပြောထားပါတယ်။ မြန်မာအစိုးရအနေနဲ့ ကတော့ ဒီအရေအတွက်တွေကို အတည်မပြုနိုင်ဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံခြားရေးဌာန ဒုညွန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက “အရေအတွက်ကတော့ အငြင်းပွားစရာပါ။ ဟိုးတုန်းကလည်း အငြင်းပွား လာတာပဲလေ။ အမတို့သိတာ လူဝင်မှုကြီးကြပ်ရေးက အရင်ကိစ္စတွေ စစ်လိုက်တာ ၂၄၀၀ပဲ တရားဝင်။ သူပြောနေတဲ့ ဘယနှ်စ်သိန်း ထဲကလဲ စစ်လိုက်တာ။ စာရွက်စာတမ်းပြပြီး အမတို့ဘက်က လူတွေပါလို့ သက်သေပြနိုင်တဲ့လူက ၂၀၀၀ ကျော်ကျော်လေးပဲထွက်လာတယ်။ အဲဒီ ၂၀၀၀ ကျော် ဒီဘက်ရောက်လာဖို့ ဆက်ညှိနှိုင်းလုပ်နေတယ်။ အဲဒါက အောက်တိုဘာ ၉ ရက်မတိုင်ခင်ကတည်း ဟိုးကတည်းက ဆောင်ရွက်နေဆဲဟာ။ အခုနောက်ပိုင်းဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း စိစစ်ဆောင်ရွက်ပြီးမှဘဲ အရေအတွက်နံပတ်ဆိုတာအတိအကျသိတော့မယ်။ စိစစ်တဲ့အဆင့် အရင်ရောက်ရဦးမှာပေါ့။ ဒီအတိုင်းပဲ အခုခေါ်တော့ ဆိုတဲ့အခါကျတော့ ကျမတို့လည်း လွယ်လွယ်နဲ့တော့ လုပ်ရိုး လုပ်စဉ်မရှိဘူး။”လို့ ဒီဗွီဘီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီကတော့ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ အမြန်ဆုံးပြန်ထွက်သွားတာမြင်ချင်တယ်လို့ သတင်းထောက်ေ တွကိုပြောပါတယ်။

မြန်မာနိုင်ငံခြားရေးဒုဝန်ကြီးရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံတပ်မတော်နဲ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့တွေအကြား ပုံမှန်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ နယ်စပ်တလျောက် ငြိမ်းချမ်မှုနဲ့လုံခြုံမှုထိန်းသိမ်းဖို့နဲ့ အကြမ်းဖက်သမားတွေစိမ့်ဝင်လာတာကို တားဆီးဖို့ အတွက် သတင်းအချက်အလက်ဖလှယ်ဖို့ ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အကြမ်းဖက်မှုကိုလုံးဝသည်းမခံတဲ့အကြောင်း၊ ဘင်္ဂလားဒေ့ရှနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဖို့ သူ့နိုင်ငံ ပိုင်နက်ကို သုံးခွင့်ပေးမှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013