DVB Logo
Home
မြန်မာသတင်း
တောဆင်ရိုင်း သတ်မှုဖြင့် မသင်္ကာဖွယ် ၉ ဦးအား ဖမ်းဆီး
DVB
·
January 13, 2017
တောဆင်ရိုင်း သတ်မှုဖြင့် မသင်္ကာဖွယ် ၉ ဦးအား ဖမ်းဆီး
Donate to DVB

တောဆင်ရိုင်း သတ်တဲ့အမှုနဲ့ ပတ်သက်ပြီး ပုသိမ်ရိုင်ထဲမှာ ပြီးခဲ့တဲ့ အပတ်က ဆင်သတ်တရားခံလို့ ယူဆရတဲ့ မသင်္ကာဖွယ် ၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဒုရဲမှူးက ပြောပါတယ်။

အဲဒီအမှုတွေကို သစ်တောဦးစီးဌာနက တရားလိုလုပ်ကာ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်များ ကာကွယ်ရေး၊ သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေထဲက ဆင်သတ်မှုဥပဒေပုဒ်မ ၃၇ (က) အရ နဲ့ တရားစွဲဆိုသွားမယ်လို့ ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒု ရဲမှူး ၀င်းမြင့်ထူးက ပြောပါတယ်။

“နယ်မြေခံတွေအနေနဲ့ အခုကျနော်တို့ ဖမ်းဆီးထားတဲ့ အားလုံး ဟာဆိုရင် ဒေသခံတွေပဲ ဖြစ်ပါတယ်။ သူတို့တွေဆီကနေပြီးတော့ လက်နက်၊ သိမ်းဆည်းရမိပါတယ်။ လုပ်သေနတ်တွေ သိမ်းဆည်းရမိပါတယ်။ ဒူးလေး၊ ဓား စတဲ့ ဟာတွေ သိမ်းဆည်းရမိပါတယ်။ ပြီးရင် ကျနော်တို့ ဆင်နဲ့ပတ်သက်တဲ့ အရေခွံ၊ အံသွား၊ ဆင်အရိုးတို့ ဒါတွေလည်း ကျနော်တို့ သိမ်းဆည်းရမိပါတယ်။ သိမ်းဆည်း ရမိတဲ့အတွက် တရားစွဲတင်သွားမှာပါ။”

ဧရာဝတီတိုင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တောဆင်ရိုင်းသတ်မှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိမှုအခြေအနေတွေကို ဇန်နဝါရီ ၁၁ နေ့က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

အခုလို ဆင်သတ်တဲ့အဖွဲ့တွေ ဖမ်းဆီးရမိဖို့ ဒေသခံတွေက ပူးပေါင်း ဆောင်ရွက်ပေးဖို့လည်း ဒုရဲမှူး ၀င်းမြင့်ထူး က တိုက်တွန်းထားပါတယ်။

“ကျနော်တို့ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့အနေနဲ့ တောဆင်ရိုင်း သတ်ဖြတ်ခံရတဲ့ အမှုတွေ တိုးပွားမလာအောင်ရယ်၊ ဖြစ်ပြီးသားအမှုတွေ ဖော်ထုတ်ဆောင်ရွက်နိုင်ဖို့အတွက် စီမံချက်ရေးဆွဲပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ နယ်မြေရှင်းလင်း ဆောင်ရွက်ခြင်းပေါ့ စုဖွဲ့ပါတယ်။ ကျနော်တို့ စုဖွဲ့ပြီးတော့ သက်ဆိုင်ရာ မြို့နယ်ကနေပြီးတော့ အင်အားတွေ ထုတ်လုပ်ပြီး စုဖွဲ့ပါမယ်။ အဲဒါသည် ကျနော်တို့ နယ်မြေခံ ရဲတပ်ဖွဲ့အင်အားအပြင် သစ်တောရဲတပ်ဖွဲ့ပေါ့။ ပြီးတော့ မိတ်ဖက်အဖွဲ့အစည်း တွေဖြစ်တဲ့ သစ်တော ဌာန၊ နောက်တခါ တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန၊ နောက်တခါ အုပ်ချုပ်ရေးအဖွဲ့အစည်းပေါ့။ သက်ဆိုင်ရာ ကျေးရွာတွေမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ ရာအိမ်မှူးတွေ သူတို့တွေနဲ့ ကျနော်တို့ ပေါင်းစပ်ပြီး စုဖွဲ့ မယ်။ စုဖွဲ့ပြီးတော့ သတင်းရရှိတဲ့အပေါ်မှာ မူတည်ပြီးတော့ နယ်မြေရှင်းလင်းရေး ကိစ္စ တွေကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာပါ။”

တောဆင်ရိုင်း သတ်မှုတွေဟာ ဧရာဝတီတိုင်း ပုသိမ်ခရိုင်ထဲမှာ အများဆုံးဖြစ်ပြီး ၂၁၀၅ ခုနှစ်မှာ ၁၄ မှု၊ ၂၀၁၆ ခုနှစ်မှာ ၁၃ မှု၊ ၂၀၁၇ ခုနှစ်မှာ ၂ မှုဖြစ်ပွားခဲ့ပါတယ်။

အခု တောဆင်ရိုင်း သတ်တဲ့ အဖွဲ့တွေက အဓိက ခေါင်းဆောင်တွေဟာ တခြားတိုင်းနဲ့ ပြည်နယ်တွေက လာရောက်ကြတာဖြစ်ပြီး ဒေသခံတွေကတော့ လမ်းပြတာတွေ ပစ္စည်းသယ်တာတွေကို လုပ်ဆောင်ကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013