DVB Logo
Home
မြန်မာသတင်း
အပစ်မရပ်အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ချင်းမိုင်တွင် ဆွေးနွေး
DVB
·
January 13, 2017
အပစ်မရပ်အဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ချင်းမိုင်တွင် ဆွေးနွေး
Donate to DVB

မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်) တို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေး အတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးဖို့ နှစ်ဖက်ကိုယ်စားလှယ်တွေ တရက်တာ အလွတ်သဘော တွေ့ဆုံမှာ ဖြစ်ပြီး  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေးကော်မတီ (JMC) ကိစ္စလည်းဆွေးနွေးဖို့ရှိတယ်လို့  တာဝန်ရှိသူတွေဆီက သိရပါတယ်။

မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင် အကြံပေး  ဦးအောင်ကြည် အပါအဝင် ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး၊ ဦးကျော်လင်းဦးတို့ ကိုယ်စားပြုဆွေးနွေးကြမှာဖြစ်ပြီး ဒီပီအန် ကိုယ်စားလှယ်အဖွဲ့ကတော့ ခူးဦးရယ်၊ ဗိုလ်ချုပ်ဂွန်မော်တို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နှစ်ဖက်တွေ့ဆုံမှုက အလွတ်သဘော တွေ့ဆုံမှုဆိုပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့နဲ့ တကယ်ဆွေးနွေးတဲ့ပွဲတွေမှာလည်း အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်ချက်နဲ့ အခုလို အလွတ်သဘောတွေ့ဆုံမှုကို ကျင်းပပြုလုပ်ရတာဖြစ်တယ်လို့ သက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေဆီကစုံစမ်းသိရပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက် ဒရယ် ကောင်စီ (ယူအန်အက်ဖ်စီ)ရဲ့  နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (ဒီပီအန်)နဲ့  ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့  ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့တို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်က ရန်ကုန်မှာ နောက် ဆုံးတွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013