DVB Logo
Home
မြန်မာသတင်း
ခရိုင်အဆင့် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပ
DVB
·
January 13, 2017
ခရိုင်အဆင့် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပ
Donate to DVB

ခရိုင်အဆင့်အလိုက် ပြုလုပ်နေတဲ့ အမျိုသားနိုင်ငံရေးဆွေးနွေးပွဲ ဒုတိယနေ့အစီအစဉ်ကို မြိတ်ခရိုင်၊ မြိတ်မြို့နယ်မှာရှိတဲ့ ပုလဲရတနာခန်းမှာ ဒီကနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းက စတင်ကျင်းပနေပါတယ်။

ဒုတိယနေ့အစီအစဉ်မှာတော့ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး ၂၀ ဦးက စာတမ်းဖတ်ဆွးနွေးကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တနင်္သာရီတိုင်းဒေသကြီးမှာ ခရိုင် ၃ ခုခွဲပြီး ကျင်းပနေတာ ဖြစ်ပါတယ်။

ထားဝယ်ခရိုင်ဆွေးနွေးပွဲကို ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး မြိတ်ခရိုင်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၃ ရက်နေ့အထိနဲ့ ကော့သောင်းခရိုင်မှာတော့ ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီ ၃ ခရိုင်ကနေ ရရှိလာတဲ့ ဆွေးနွေးချက်တွေကို စုစည်းပြီး တနင်္သာရီတိုင်းဒေသကြီးတခုလုံးရဲ့ မူဝါဒဆိုင်ရာ စုစည်းချက်တွေအဖြစ် ဇန်နဝါရီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ထားဝယ်မြို့မှာ အပြီးသတ် ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013