DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတ ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ရန်ကုန်တွင်တွေ့ဆုံဆွေးနွေး
DVB
·
January 13, 2017
ဒုသမ္မတ ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ရန်ကုန်တွင်တွေ့ဆုံဆွေးနွေး
1 / 4
Donate to DVB

 

နိုင်ငံတော်ဒုသမ္မတ ဦးမြင့်ဆွေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေ ဒီကနေ့ ရန်ကုန်မြို့  ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)ရုံး မှာတွေ့ဆုံပြီး တရားမဝင်ငွေကြေးလဲလှယ်မှု ပပျောက်ရေးအပါအ၀င် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေ တိုင်းပြည် ဖွံ့ဖြိုးရေးမှာ ပူးပေါင်းဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ SMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမဝင်ကုန်စည်စီးဆင်းမှု ပပျောက်ရေး၊ ငွေကြေးဖောင်းပွတာတွေထိန်းချုပ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာဖို့၊ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးစတာတွေလည်း ဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ ဒုတိယအကြိမ်မြောက်တွေ့ဆုံတာဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း၊ ဟိုတယ်နှင့်ခရီးသွား ဝန်ကြီး ဦးအုန်းမောင်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ လည်း တက်ရောက်ကြပါတယ်။

ပထမအကြိမ်တွေ့ဆုံမှုကို ၂၀၁၆ဒီဇင်ဘာလက ကျင်းပခဲ့ပြီး နိုင်ငံတော်ဒုတိယသမ္မတနဲ့ စီပွားရေးလုပ်ငန်းရှင်တွေ လစဉ်ပုံမှန်တွေ့ဆုံသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

သတင်း - စိုးမိုးအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013