DVB Logo
Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း အားပျော့သွားပြီ
DVB
·
January 12, 2017
လေဖိအားနည်းရပ်ဝန်း အားပျော့သွားပြီ
Donate to DVB

တနင်္သာရီကမ်းရိုးတန်းနဲ့ ယင်းနှင့်ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်‌မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ အချိန် တိုင်းထွာချက်တွေ အရ အားပျော့သွားပြီလို့ မိုးဇလဌာနက ကြေညာပါတယ်။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ အများအားဖြင့် သာယာနေတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြားနဲ့ ကရင်ပြည်နယ်မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာခဲ့ပြီး မနက်ဖြန်မှာတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကျဲကျဲ၊ ကရင်နဲ့ မွန်ပြည်နယ်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်၊ ရွာရန်ရာနှုန်း(၈၀) ရှိတယ်လို့လည်း ခန့်မှန်ထားပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်ကလည်း ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရှိ လေ ဖိအားနည်းရပ်ဝန်း ဟာ အားလျော့နည်းလာနေပြီး မကြာမီ အားပျော့ပျက်ပြယ်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာတော့ လှိုင်းအသင့်အတင့် ရှိမှာဖြစ်ပြီး လှိုင်းအမြင့် (၃)ပေ မှ (၅) ခန့် အထိရှိ နိုင်တယ်လို့လည်းခ န့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013