DVB Logo
Home
မြန်မာသတင်း
ထားဝယ်နှင့်မြိတ်ရှိ ကျူးကျော်နေထိုင်သူများအတွက် အိမ်ရာ ဆောက်လုပ်ပေးမည်
DVB
·
January 12, 2017
ထားဝယ်နှင့်မြိတ်ရှိ ကျူးကျော်နေထိုင်သူများအတွက် အိမ်ရာ ဆောက်လုပ်ပေးမည်
1 / 5
Donate to DVB

တနင်္သာရီတိုင်းအတွင်းက ကျူးကျော်နေထိုင်သူတွေကို လာမည့် ဘဏ္ဍာရေးနှစ်မှာ ကျပ်ငွေ ၄ ဒသမ ၈ ဘီလီယံအသုံးပြုပြီး အိမ်ရာတွေ တည်ဆောက်ပေးသွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောပါတယ်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်တို့က ဆင်းရဲနွမ်းပါးသူတွေနဲ့ ကျူးကျော် နေထိုင်သူတွေအတွက် အိမ်ရာတွေကို တည်ဆောက်ပေးသွားမယ်လို့ ၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ဇန်န၀ါရီ ၇ ရက်နေ့ Sea View Condo အရောင်းပြခန်း ဖွင့်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

“ကျမတို့ အစိုးရအဖွဲ့ကလည်း လာမယ့် ဘဏ္ဍာရေးနှစ်မှာ ဒီကျူးကျော် နေထိုင်သူတွေအတွက် အိမ်ရာတွေကို ဆောက်လုပ်ပေးဖို့ အစီအစဉ်ရှိပါတယ်။ အစိုးရဘက်ကလည်း ခွင့်ပြုချက် ရထားပြီးပါပြီ။ နိုင်ငံတော်သမ္မတရဲ့ အထူးရန်ပုံငွေမှ ကျပ်ငွေ ၄ ဒသမ ၈ ဘီလျံကို ကျမတို့ အစိုးရအဖွဲ့ကို ပေးထားပါတယ်။ ထားဝယ်နှင့် မြိတ်မြို့နယ်အတွက် ကျူးကျော် နေထိုင်သူတွေအတွက် အိမ်ရာတွေကို ပိုက်ဆံရ ရချင်းပဲ ရှေ့နှစ်အခါ အချိုအကျခွဲပြီး မြိတ်မြို့မှာ ဦးစားပေးပြီး ဆောက်လုပ်ပေးသွားမယ်။”

ဒါ့အပြင် မြိတ်ဒေသမှာ စီးပွားရေးဇုန်တွေ၊ စက်မှုဇုန်တွေနဲ့ စိုက်ပျိုးမွေးမြူရေးဇုန်တွေက နေရာယူထားလို့ လူနေအိမ်ခြေတွေ အတော်နည်းလာတာတွေ့ရတယ်လို့လည်း ၀န်ကြီးက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

တနင်္သာရီတိုင်းအတွင်း မြိတ်မြို့နယ်မှာ ခွင့်ပြုချက်မရှိဘဲ အိမ်ရာဆောက်နေထိုင်သူတွေနဲ့ ကျူးကျော်နေထိုင်သူတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

သတင်းနှင့် သတင်းပုံ

သတင်း - ဇော်ဇော် (မြိတ်)

ဓာတ်ပုံ - မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု ကုန်းဖောက်ကျေးရွာ မြိတ်လေတပ်စခန်းအနီး ခွင့်ပြုချက်မရှိဘဲ အိမ်ရာ ဆောက်လုပ်နေထိုင်သူများ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013