DVB Logo
Home
Lead Story
အမေနေ့
DVB
·
January 12, 2017
အမေနေ့
Donate to DVB

 

‘မာတာပိတု ဂုဏော အနန္တော’

ကမ္ဘာမှာတော့ အမေများနေ့ကို မတူတဲ့နေ့တွေမှာ ကျင်းပကြတယ်။ မြန်မာနိုင်ငံမှာ ပြာသိုလပြည့်နေ့ကို အမေနေ့လို့ လူသိများလာပါတယ်။ ၂ဝ၁၇ ခုနှစ်အတွက် ဇန်နဝါရီလ ၁၂ ရက်နေ့ ဖြစ်တယ်။ တခြားနိုင်ငံတွေမှာ အမေနေ့ကို မေလ ၁၄ ရက်မှာ ကျင်းပကြတယ်။


  • နော်ဝေ = ဖေဖော်ဝါရီ ဒုတိယတနင်္ဂနွေ = ၈၊ ၉၊ ၁ဝ ရက်၊

  • ဂျော်ဂျီယာ = မတ်လ ၃ ရက်၊

  • အာဖဂန်နစ္စတန်၊ အယ်လ်ဘေးနီးယား၊ ကိုဆိုဗို၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘိုင်လိုရပ်စ်၊ ဘော့စနီးယား-ဟာဇီဂိုးဗီးနား၊ ဘူလ်ဂေးရီးယား၊ ခရိုအေးရှား၊ ကာဂျစ္စတန်၊ လာအို၊ မက်ဆီဒိုးနီးယား၊ မွန်တီနီဂရိုး၊ ရိုမေးနီးယား၊ ဆလိုဗေးနီးယား၊ ဆာဗီးယား၊ တာဂျီကစ္စတန်၊ ဗီယက်နမ်၊ = မတ်လ ၈ ရက်၊

  • အိုင်ယာလန် = မတ်လ ၁ဝ ရက်၊

  • နိုင်ဂျီးရီးယား = မတ်လ ၁၅ ရက်၊

  • ယူကေ = မတ်လ ၃ဝ ရက်၊

  • ဘာရိန်း၊ ကိုမိုရိုးစ်၊ ဂျီဘူတီ၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ လစ်ဗျား၊ မောရီတေးနီးယား၊ အိုမန်၊ ကာတာ၊ ဆောဒီ၊ ဆူဒန်၊ ဆီးရီးယား၊ ပါလစ်စတိုင်း၊ ယူအေအီး၊ ယီမင် = မတ်လ ၂၁ ရက်၊

  • ဆလိုဗေးနီးယား = မတ်လ ၂၅ ရက်၊

  • အာမေးနီးယား = ဧပြီ ၇ ရက်၊

  • ဟန်ဂေရီ၊ လစ်သူယေးနီးယား၊ မိုဇမ်ဘစ်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ စပိန် = မေလ ပထမတနင်္ဂနွေ (၃၊ ၄၊ ၅) ရက်၊

  • တောင်ကိုရီးယား (မိဘများနေ့) = မေလ ၈ ရက်၊

  • အယ်လ်ဆာဗာဒို၊ ဂွါတီမာလာ၊ မက်ဆီကို၊ = မေလ ၁ဝ ရက်၊

  • အင်ဂူလီယာ၊ အင်တီဂူယာ + ဘာဘူဒါ၊ အာရူဘာ၊ သြစတေးလျ၊ သြစတြီးယား၊ ဗဟားမား၊ ဘင်္ဂလားဒက်၊ ဘာဘေးဒိုးစ်၊ ဘယ်လ်ဂျီယမ်၊ ဘီလစ်ဇ်၊ ဘာမျူးဒါး၊ ဘော့စဝါးနား၊ ဘရူနိုင်း၊ ကနေဒါ၊ ကမ်ဘောဒီးယား၊ ချီလီ၊ တရုတ်၊ ကိုလမ်ဘီယာ၊ ကျူးဘား၊ ကူရာကို၊ ဆိုက်ပရပ်စ်၊ ချက်၊ ဒင်းမတ်၊ ဒိုမီနီကန်၊ အီကွေဒို၊ အက်စတိုးနီးယား၊ အီသီယိုးပီးယား၊ ဖီဂျီ၊ ဖင်လန်၊ ဂျာမနီ၊ ဂါနာ၊ ဂရိ၊ ဂရင်နေဒါ၊ ဂိုင်ယာနာ၊ ဟွန်ဒူးရပ်စ်၊ ဟောင်ကောင်၊ အိုက်စလန်၊ အိန္ဒိယ၊ အီတလီ၊ ဂျမေကာ၊ ဂျပန်၊ ကာဒစ်စတန်၊ လတ်ဗီးယား၊ လိုက်ဘေးရီးယား၊ လီချန်စတိန်း၊ မကာအို၊ မလေးရှား၊ မော်လတာ၊ နယူးဇီလန်၊ ပါကစ်စတန်၊ ပါပူအာနယူးဂီနိ၊ ပီရူး၊ ဖိလစ်ပိုင်၊ ပွတိုရီကို၊ စိန်ကစ် + နီဗစ်၊ စိန့်လူစီယာ၊ စိန်ဗင်းဆင့် + ဂရင်နေဒိုင်း၊ ဆာမိုအာ၊ စင်္ကာပူ၊ စိန့်မာတင်၊ ဆလိုဗက်ကီးယား၊ တောင်အာဖရိက၊ ဆူရီမန်၊ ဆွစ်ဇာလန်၊ တိုင်ဝမ်၊ တန်ဇန်နီးယား၊ တွန်ဂို၊ ထရီနီဒက် + တိုဘာဂို၊ တူရကီ၊ ယူဂန်ဒါ၊ ယူကရိန်၊ ယူအက်စ်၊ ယူရူဂွေး၊ ဗီယက်နမ်၊ ဗင်နီဇွဲလား၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ = မေလ ဒုတိယ တနင်္ဂနွေ၊ (၁ဝ၊ ၁၁၊ ၁၂) ရက်၊

  • ပါရာဂွေး၊ = မေ ၁၅ ရက်၊  

  • ကဂျစ်စတန်၊ = မေ ၁၉ ရက်၊

  • ပိုလန် = မေ ၂၆ ရက်၊

  • ဘိုလီဗီးယား = မေ ၂၇ ရက်၊

  • အယ်လ်ဂျီးရီယား၊ ဒိုမီနီကန်၊ ပြင်သစ်၊ မဒါဂါးစကား၊ မောရိုကို၊ ဟေတီ၊ မောရေးရှပ်၊ ဆီနီဂေါ၊ ဆွီဒင်၊ ကျနီးရှား၊ = မေလ နောက်ဆုံးတနင်္ဂနွေ (၂၅၊ ၂၆၊ ၃၁) ရက်၊

  • နိုက်ကာရာဂွါ = မေ ၃ဝ ရက်၊

  • မွန်ဂိုးလီးယား၊ = ဇွန် ၁ ရက်၊

  • လူဇင်ဘတ် = ဇွန်လ ဒုတိယတနင်္ဂနွေ (၈၊ ၉၊ ၁၄) ရက်၊

  • ကင်ညာ = ဇွန်လ နောက်ဆုံးတနင်္ဂနွေ (၂၈၊ ၂၉၊ ၃ဝ) ရက်၊

  • ထိုင်း (ဘုရင်မမွေးနေ့) = သြဂုတ် ၁၂ ရက်၊

  • ကော်စကာရီကာ၊ အင်တဝပ် (ဘယ်လဂျီယမ်) = သြဂုတ် ၁၅ ရက်၊

  • မာလာဝီ = အောက်တိုဘာ ဒုတိယတနင်္လာနေ့ (၁၂၊ ၁၃၊ ၁၄) ရက်၊

  • ဘဲလားရုစ် = အောက်တိုဘာ ၁၄ ရက်၊

  • အာဂျင်တီးနား = အောက်တိုဘာ တတိယတနင်္ဂနွေ (၁၈၊ ၁၉၊ ၂ဝ၊ ) ရက်၊

  • ရုရှား = နိုဝင်ဘာ နောက်ဆုံးတနင်္ဂနွေ (၁၄၊ ၂၉၊ ၃ဝ) ရက်၊

  • တီမော-လက်ဆေး = နိုဝင်ဘာ ၃ ရက်၊

  • ပနားမား = ဒီဇင်ဘာ ၈ ရက်၊

  • အင်ဒိုနီးရှား = ဒီဇင်ဘာ ၂၂ ရက်၊


သူများတိုင်းပြည်တွေမှာ အမေနေ့ဆိုတာ မိခင်၊ မိခင်ဘဝ၊ မီးတွင်းဘဝတွေ အားလုံးအတွက် ရည်စူးကြပါတယ်။ လူ့ယဉ်ကျေးမှု ဖြစ်ထွန်းလာတဲ့သဘောလို့ ယူဆနိုင်ပါတယ်။ မိခင်၊ ဖခင်နဲ့ ညီအကိုမောင်နှမတွေအတွက် နေ့တွေ သီးခြား သတ်မှတ်ထားကြပါတယ်။ ရှေးကတည်းက ဂရိတွေက (ဆိုက်ဗယ်လီ)၊ ရိုမန်တွေက (ဟီလားရီးယာ) ဆိုပြီး ရှိခဲ့တာပါ။ ခရစ်ယန်ဘာသာ ပေါ်လာတော့ တနင်္ဂနွေမနက်ခင်းဆိုပြီး မိခင်တွေကို ဂုဏ်ပြုလာတယ်။ ကက်သလစ် ဘာသာဝင်တွေကတော့ (ဗားဂျင်းမေရီ) ခရစ်တော်ရဲ့ မယ်တော်ကို ချီးမွမ်းပွဲလုပ်ကြတယ်။

အင်္ဂလိပ်စကားသုံးတဲ့နိုင်ငံတွေမှာ မိခင်နေ့၊ မိခင်များနေ့ဆိုပြီး အခေါ်အဝေါ် ကွဲပြားတာ ရှိသေးတယ်။ ကွန်မြူနစ်စနစ်ကနေ ပြောင်းလာတဲ့နိုင်ငံတွေမှာတော့ နိုင်ငံတကာမိခင်နေ့ကို မတ်လ ၈ ရက်နေ့မှာ ကျင်းပကြတယ်။  ယူအက်စ်အေမှာ ၂ဝ ရာစု အစကတည်းက အမေနေ့ကို ကျင်းပလာတယ်။ ယူအက်စ်အေမှာ အမေနေ့ဖြစ်လာအောင် လုံးပန်းခဲ့သူက စာရေးဆရာမ ဂျူလီယာဝဒ်နဲ့ သူ့သမီးတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမေနေ့လို့ တရားဝင်သတ်မှတ်ထားတာ မရှိသေးပါ။ အမေနေ့ဖြစ်လာဖို့ရာ စတင်ကြိုးပမ်းခဲ့သူကတော့ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခ ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် စတင်အဆိုပြုခဲ့ပြီး၊ ၁၉၉၅ ခုနှစ်၊ ပြာသိုလပြည့်နေ့မှာ ပထမဦးဆုံး အမေနေ့ကို ကျင်းပခဲ့တယ်။ မန္တလေးမြို့မှာဖြစ်ပါတယ်။ အညာဒေသမှာ မေမေလို့ထက် အမေလို့ ခေါ်တာ များတယ်။

နိုင်ငံရေးထဲ ဝင်လုပ်လို့ ကျရောက်လာရတဲ့ မိသားစုဒုက္ခတွေကို ဘာတခွန်းမှ ပြောမသွားဘဲ ကွယ်လွန်သွားတဲ့ အမေတွေကို ကန်တော့လိုက်ပါတယ်။ အမေ သက်ရှိထင်ရှားရှိကြသူတွေ အားလုံး အမေနေ့ ကိုယ်စီ ကျင်းပနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013