DVB Logo
Home
မြန်မာသတင်း
မဲဆွယ်စည်းရုံးခွင့်ကာလ ဇန်နဝါရီ ၃၀ ရက်မှစ၍ ရက်ပေါင်း ၆၀ သတ်မှတ်
DVB
·
January 12, 2017
မဲဆွယ်စည်းရုံးခွင့်ကာလ ဇန်နဝါရီ ၃၀ ရက်မှစ၍ ရက်ပေါင်း ၆၀ သတ်မှတ်
Donate to DVB

ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးခွင့်ကာလကို ဇန်နဝါရီ ၃၀ ရက် မနက် ၆ နာရီကနေစတင်ပြီး မတ်လ ၃၀ ရက် ညသန်းခေါင်ထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောတာ၊ မဲဆွယ်စည်းရုံးတာ ရပ်နားထားရမယ့် နေ့ရက်၊ အချိန် စတာတွေကို ဇန်နဝါရီ  ၁၁ ရက် နေ့စွဲနဲ့ ကော်မရှင်က အသိပေးချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မတ်လ ၃၀ ရက် ည ၁၂ နာရီအချိန်ကစလို့ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးစီးတဲ့ အချိန်အထိ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးတာတွေကို ရပ်နားရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မဲဆွယ်စည်းရုံးတဲ့ ကြော်ငြာ/ပိုစတာတွေကိုတော့ မတ်လ ၃၀ ရက် ညသန်းခေါင်အချိန် နောက်ဆုံးထား ဖြုတ်သိမ်းပေးရမှာဖြစ်ပြီး သတ်မှတ်ချိန်အထိ ဖြုတ်သိမ်းထားခြင်းမရှိပါက သက်ဆိုင်ရာ စည်ပင်နဲ့ညှိနှိုင်း ဖြုတ်သိမ်းသွားမယ်၊ ကုန်ကျစရိတ်ကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းက ပေးရမယ်လို့ ကော်မရှင် ကြေညာချက်မှာ ဖော်ပြပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမတ်လောင်းတွေဟာ လွှတ်တော် ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းပြီး အောင်မြင်စေဖို့အတွက် မဲဆွယ်စည်းရုံးရာမှာ ကျင့်ဝတ်ကို လေးစားလိုက်နာ ဆောင်ရွက်ဖို့ သဘောတူထာပြီးဖြစ်တယ်လို့လည်း ကော်မရှင်က ဆိုပါတယ်။

ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လွှတ်တော်အသီးသီးမှာ လစ်လပ်နေတဲ့ ကိုယ်စားလှယ် ၁၉ နေရာအတွက် ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ဦးဆောင်ပြီး ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။

ဒီကြားဖြတ်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ အပါအ၀င် နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်းပေါင်း ၉၅ ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013