DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်အဖွဲ့​နှင့်​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​မည်
DVB
·
November 30, 2011
ရုပ်ရှင်အဖွဲ့​နှင့်​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​မည်
Donate to DVB

ရုပ်ရှင်​လောကသား​တွေနဲ့​ ရင်း​ရင်း​နှီး​နှီး​ရှိဖို့​ ရည်ရွယ်ပြီး​ မြန်မာ့​ရုပ်ရှင်​လောကသား​တွေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ဒီဇင်ဘာ ၃ ရက်​နေ့​ ​တွေ့​ဆုံကြမှာဖြစ်ပါတယ်။

ရုပ်ရှင်၊​ ဂီတနယ်ပယ်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ဆက်ဆံ​ရေး​ ​ဝေး​နေတာ​ကြောင့်​ အခုလို​တွေ့​ဖို့​လုပ်တာဖြစ်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီ​အောင်နိုင်​ရေး​ သီချင်း​ဆိုဖို့​၊​ ရုပ်ရှင်ရိုက်ဖို့​ စတဲ့​ကိစ္စ​တွေ ​ဆွေး​နွေး​ဖို့​မဟုတ်ဘူး​လို့​ သရုပ်​ဆောင် ဒါရိုက်တာ ကိုဇာဂနာက ​ပြောပါတယ်။

ဂီတအဖွဲ့​နဲ့​ မ​တွေ့​ခင်ကတည်း​က ရုပ်ရှင်အဖွဲ့​နဲ့​ အရင်​တွေ့​ဖို့​ရှိတယ်လို့​ ​ပြောပါတယ်။

“အမှန်က​တော့​ ရုပ်ရှင်​လောကက လူ​တွေနဲ့​ အရင်​တွေ့​ဖို့​ပါ။ ဒါ​ပေမယ့်​ ရုပ်ရှင်​လောကက လူ​တွေက များ​သောအား​ဖြင့်​ ​နေ့​ခင်း​နေ့​လယ် မအား​တာ များ​တယ်​လေ။ ရုပ်ရှင်ရိုက်​နေကြတာများ​တော့​ အချိန်ညှိရတာ ကြာသွား​လို့​ ဂီတနဲ့​အရင် ​တွေ့​ဖြစ်သွား​တာပါ။ ရုပ်ရှင်သမား​တွေနဲ့​ ရင်း​ရင်း​နှီး​နှီး​ဖြစ်ချင်တာက နံပါတ်တစ်။ နှစ်က ဂီတ​လောက၊​ ရုပ်ရှင်​လောကနဲ့​ အန်တီက ​ဝေး​ကို ​ဝေး​နေတာ။ ​နောက်​တော့​ ကျ​နော်လည်း​ ပြန်​ရောက်လာပြီး​ ဖြစ်တဲ့​အခါကျ​တော့​ ရုပ်ရှင်​လောကက လူ​တွေနဲ့​ရော၊​ ဂီတ​လောက၊​ တတ်နိုင်ရင် ဇာတ်သဘင်​လောက​ပေါ့​လေ။ အဲဒီလူ​တွေ​ရော အကုန်လုံး​ အနုပညာ​လောကက လူ​တွေနဲ့​ အန်တီနဲ့​ နီး​နီး​ရှိ​စေချင်တယ်။ တခါ အဲဒီလူ​တွေကလည်း​ ကျ​နော့်​ သူငယ်ချင်း​တွေ ဖြစ်​နေ​တော့​ ​တောင်း​ဆိုကြတယ်​လေ။ သူတို့​ကလည်း​ အန်တီနဲ့​ ​တွေ့​ပါရ​စေဆို​တော့​ အလကား​သပ်သပ်နဲ့​ တ​ယောက်တ​ပေါက်ဆီ ​လျှောက်​တွေ့​နေမယ့်​အစား​တော့​ စုစုစည်း​စည်း​ ချစ်ချစ်ခင်ခင်​လေး​ ​တွေ့​လိုက်တာ ပိုပြီး​သင့်​တော်မယ်လို့​ ယူဆပြီး​ စီစဉ်လိုက်တာပါ။”

တက္ကသိုလ်ရိပ်သာလမ်း​နေအိမ်မှာ ​တွေ့​ဆုံကြမှာဖြစ်ပြီး​၊​ ရုပ်ရှင်မင်း​သား​ မင်း​သမီး​၊​ ဒါရိုက်တာ​တွေ ဇာတ်ပို့​ဇာတ်ရံ၊​ ကင်မရာမင်း​၊​ ဇာတ်ညွှန်း​ရေး​ဆရာ၊​ အသံဖမ်း​သူများ​စတဲ့​ ရုပ်ရှင်​လောက အလွှာစုံက ပါဝင်တက်​ရောက်နိုင်​အောင် ဖိတ်ကြား​ထား​တယ်လို့​ဆိုပါတယ်။

ဒီလ ၂၅ ရက်​နေ့​ကလည်း​ ဂီတ​လောကသား​ ၅၀ ​ကျော်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ တက္ကသိုလ်ရိပ်သာလမ်း​ ​နေအိမ်မှာ ​တွေ့​ဆုံခဲ့​ကြပါ​သေး​တယ်။ ​တွေ့​ဆုံကြတုန်း​က အန်အယ်လ်ဒီပါတီ ​အောင်နိုင်​ရေး​ သီချင်း​ကိစ္စလုပ်ဖို့​ ​ဆွေး​နွေး​ခဲ့​ကြတာမဟုတ်ဘူး​လို့​လည်း​ ကိုဇာဂနာက ​ပြောပါတယ်။

“အန်အယ်လ်ဒီ​အောင်နိုင်​ရေး​အတွက်ဆိုတဲ့​ အစီအစဉ် မဟုတ်ပါဘူး​ခင်ဗျ။ အမျိုး​သား​ရေး​နဲ့​ပတ်သက်တဲ့​ သီချင်း​တွေ။ ဒီသီချင်း​တွေက မ​ပျောက်မပျက် ရှိသင့်​ရှိထိုက်တယ်လို့​ ယူဆတဲ့​ သီချင်း​တွေ လုပ်တာပါခင်ဗျ။ အဲဒါ နံပတ်တစ်​ပေါ့​နော်။ ​နောက်တခုက ထွန်း​အိန္ဒြာဗိုလ်တို့​ ဘာတို့​ဆိုလို့​ရှိရင်လည်း​ပဲ သူတို့​ရဲ့​ အစီအစဉ်​တွေနဲ့​ အဲဒါ​တွေကို Live Show ရိုက်မလို့​ပါဗျ။ Show ဆိုတာလည်း​ သီချင်း​တွေ ​ရွေး​ထား​ပြီး​ပြီ။ အဲဒီသီချင်း​တွေထဲမှာ တခါ ဒါရိုက်တာ ဝိုင်း​က​နေပြီး​တော့​ ဦး​ဆောင်ပြီး​တော့​ ဗွီစီဒီ ကာရာအို​ကေ သ​ဘောမျိုး​ အဲဒါ​လေး​ကို Live Show လုပ်ဖို့​ အစုံပါပါတယ် သီချင်း​တွေက။ သို့​သော် အန်အယ်လ်ဒီ​ရွေး​ကောက်ပွဲ မဲဆွယ်တဲ့​ သီချင်း​ မဟုတ်ပါဘူး​ခင်ဗျ။”

လွတ်လပ်​ရေး​တိုက်ပွဲ ဝင်ခဲ့​ကြတဲ့​အချိန်က ​ပြောင်​မြောက်တဲ့​ ​တေး​သီချင်း​တချို့​ကို ​ခေတ်​ပေါ်အဆို​တော်​တွေက ပြန်ဆိုကြမယ့်​ အစီအစဉ်ဖြစ်ပြီး​ စတင်အသံသွင်း​နေကြပြီလို့​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013