DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် လက်လုပ်သေနတ်ဖြင့် ပစ်ခတ်သူကို ရဲက ဖမ်းဆီး
DVB
·
January 11, 2017
ကလေးမြို့တွင် လက်လုပ်သေနတ်ဖြင့် ပစ်ခတ်သူကို ရဲက ဖမ်းဆီး
Donate to DVB

ကလေးမြို့ တောင်ပိုင်း ပေါက်တောအရှေ့ရွာမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ည ၉ နာရီဝန်းကျင်လောက်က လက်လုပ်သေနတ် အမျိုးအစားဖြစ်တဲ့ ယမ်းထောင်း တူမီးသေနတ်နဲ့ ပစ်ခတ်ခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ပေါက်တောရွာနေ ကိုစိန်လင်းအောင်ဆိုသူဟာ အရက်သေစာ သောက်စားမူးယစ်ပြီး နေအိမ်နဲ့ မျက်နှာချင်းဆိုင် ဦးတိုးဝင်းဆိုသူရဲ့ နေအိမ်မှာ သွားရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

“အိမ်ထဲထိ လာပြီး ပစ်တာ။ အိမ်ကို ပစ်တာတော့မဟုတ်ဘူး။ ဘယ်ကို ပစ်လိုက်မှန်းတော့ မသိဘူး။ သေနတ်သံပဲ ကြားလိုက်တာ။ အိမ်ထဲလာပြီး ဆင်းခဲ့သတ်ပစ်မယ်လို့ ပြောလို့ အိမ်နောက်ဘက်ကို ဆင်းပုန်းနေတုန်း ပစ်တာ” လို့  ဦးတိုးဝင်းက ပြောပါတယ်။

ပစ်ခတ်မှုမှာ ယမ်းထောင်း လက်လုပ်သေနတ်ဖြစ်တာကြောင့် တချက်သာ ပစ်ပြီး လူထိမှန်ခြင်းမရှိကြောင်း၊ လက်လုပ်သေနတ်ကို တောထဲမှာ သားကောင်ပစ်ဖို့ ထားရှိကြတာဖြစ်ပြီး တရားဝင် လိုင်စင်နဲ့ ကိုင်ဆောင်တာ မဟုတ်ကြောင်း ကလေးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဗိုလ်ဗိုလ်ဝင်းထွဋ်က ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်သူ စိန်လင်းအောင်ကတော့ ဘယ်သူ့ကိုမှ ပစ်တာမဟုတ်ဘဲ မိုးပေါ်ထောင်ပစ်တာ ဖြစ်ကြောင်း ပြောပါတယ်။

သေနတ်ပစ်ခတ်သူ စိန်လင်းအောင်ကို ကလေးမြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဗိုလ်ဗိုလ်ဝင်းထွဋ်နဲ့ အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး တရားမ၀င် လက်နက်ကိုင်ဆောင်မှုနဲ့ အမှုဖွင့် အရေးယူသွားမယ်လို့ ဆိုပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013