DVB Logo
Home
မြန်မာသတင်း
တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်မှုက အိမ်ခြံမြေဈေးကွက်ကို သက်ရောက်မှုမရှိနိုင်
DVB
·
January 11, 2017
တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်မှုက အိမ်ခြံမြေဈေးကွက်ကို သက်ရောက်မှုမရှိနိုင်
Donate to DVB

တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်နေတာဟာ အိမ်ခြံမြေဈေးကွက်ကို သက်ရောက်မှုမရှိဘူးလို့ အိမ်ခြံမြေလုပ်ငန်းရှင်အသင်းက ပြောပါတယ်။

လက်ရှိအချိန်မှာ တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်နေမှုက အလွန်နည်းပါးနေတာဖြစ်လို့ အိမ်ခြံမြေဈေးကွက်ကို လှုပ်ခတ်မှု မရှိနိုင်သလို အိမ်ခြံမြေဈေးကွက် တည်ငြိမ်နေတာဟာလည်း တန်ဖိုးနည်းအိမ်ရာတွေ ဖော်ဆောင်နေမှုကြောင့် မဟုတ်ဘူးလို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ ဦးသန်းဦးက ပြောပါတယ်။

“လက်ရှိကာလမှာက တန်ဖိုးနည်းဆိုပြီး ထွက်လာတဲ့ အခန်းတွေက ပြောပလောက်အောင် သိပ်မရှိသေးဘူး။ နောက်တခုက လက်ငင်းအနေအထားအရ လိုအပ်နေတဲ့နေရာ ဖြည့်စွမ်းနိုင်မှု ဆိုတာကလည်း အနီးစပ်ဆုံးပြောရရင် ဆင့်ပါးစပ် နှမ်းပက်သလိုပဲ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ အိမ်ခြံမြေဈေးကွက်တခုလုံးကို လက်ရှိ ဖော်ထုတ်ပါတယ်ဆိုတဲ့ တန်ဖိုးနည်းအိမ်ရာ တက်အောင်လို့ ဘာမှထူးခြားမှုမရှိဘူး။ အခု အိမ်ခြံမြေဈေးကွက် အေးတာက နဂိုကတည်းကိုက သူ့အကြောင်းနဲ့သူ အေးနေတာ။ အခုလို တန်ဖိုးနည်းအိမ်ရာတွေ ဖော်ထုတ်တဲ့အတွက် အိမ်ခြံမြေဈေးကွက်ကို လှုပ်နှိုးနိုင်တဲ့ အနေအထား မရှိသေးဘူး။”

လက်ရှိအချိန်မှာတော့ ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာတွေကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဖော်ဆောင်နေပါတယ်။

အခြေခံလူတန်းစားတွေအတွက်တော့ တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်ပေးတာ  အကောင်းဆုံးဖြစ်ပေမယ့် အဲဒီအိမ်ရာမျိုးတွေ နည်းနေသေးတဲ့အတွက်လည်း အိမ်ခြံမြေဈေးကွက်ကို အကျိုးသက်ရောက်မှု မရှိနိုင်ဘူးလို့ ရန်ကုန်တိုင်း အိမ်ခြံမြေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောပါတယ်။

“တန်ဖိုးနည်းအိမ်ရာနဲ့ပတ်သက်လို့ အိမ်ခြံမြေဈေးကွက်ကို ဘယ်လောက်အထိ လှုပ်ခတ်မလဲဆိုတဲ့ မေးခွန်းက ကောင်းပါတယ်။ ဒါပေမယ့်လို့ ကျနော့်တယောက်တည်း အမြင်အရ ပြောရရင် သိပ်ပြီး ကြီးကြီးမားမား လှုပ်ခတ်မှုတော့ မရှိဘူး။ တန်ဖိုးနည်းအိမ်ရာ ဝယ်တဲ့သူတွေက တန်ဖိုးနည်းတဲ့အလျောက် အရောင်းအဝယ်တွေ လုပ်ကြတဲ့အပေါ်မှာ ဒီဘက် တန်ဖိုးမြင့်ဧရိယာတွေကို ထိခိုက်ဖို့တော့မရှိဘူး။ တခုတော့ ကျနော်တို့ ကြိုဆိုရမှာက အခြေခံလူတန်းစားတွေ အိမ်ရာပိုင်ဆိုင်ခွင့်ကို ရရှိမှာမို့လို့ ဒီတန်ဖိုးနည်းအိမ်ရာတွေ များများပေါ်ဖို့အတွက် တန်ဖိုးနည်းအိမ်ရာဆောက်တဲ့အပေါ်မှာ ကြိုဆိုပါတယ်။”

အစိုးရသစ်လက်ထက် ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကြီးတွေမှာ တန်ဖိုးနည်းအိမ်ရာတွေ ဖော်ထုတ်ခဲ့ပေမယ့် အချက်အချာကျတဲ့ မြို့နယ်တွေမှာရှိတဲ့ တန်ဖိုးကြီး အိမ်ခြံမြေဈေးတွေကတော့ ထိုးကျမသွားဘဲ ဈေးနှုန်းတွေက အတက်အကျ ငြိမ်နေပါတယ်။

စိုးယုဇော်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013