DVB Logo
Home
မြန်မာသတင်း
ချင်း​မိုင်မြို့​ ဗဟိုအမျိုး​သား​အကျဉ်း​ထောင်အတွင်း​ ရှမ်း​နှစ်သစ်ကူး​ပွဲ ကျင်း​ပ
DVB
·
November 30, 2011
Donate to DVB

ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့​ မယ်လိမ်း​မြို့​နယ်ထဲမှာရှိတဲ့​ ဗဟိုအမျိုး​သား​ အကျဉ်း​ထောင်ကြီး​ထဲမှာ မ​နေ့​ မနက်က ရှမ်း​လူမျိုး​အကျဉ်း​သား​ပေါင်း​ ၂၆၀ ​လောက်ဟာ ​ထောင်ပိုင်ရဲ့​ ခွင့်​ပြုချက်နဲ့​ ရှမ်း​နှစ်သစ်ကူး​ပွဲ​တော်ကို ကျင်း​ပခဲ့​ပါတယ်။

ပွဲ​တော်မှာ ရှမ်း​စာ​ပေနဲ့​ယဉ်​ကျေး​မှုအဖွဲ့​လည်း​ သွား​ရောက်​ဖျော်​ဖြေခဲ့​တယ်လို့​ချင်း​မိုင် ရှမ်း​စာ​ပေယဉ်​ကျေး​မှုဥက္ကဋ္ဌ စိုင်း​ဆိုင်မိန်း​ မန်း​ကွန်း​က ​ပြောပါတယ်။

"ကျ​နော်တို့​ကို ​ထောင်အာဏာပိုင်​တွေကတဆင့်​ ဖိတ်ကြား​လာတာဖြစ်တယ်။ နှစ်တိုနှစ်ရှည် ​ထောင်ကျ​နေတဲ့​ သူတို့​တွေကို အား​ပေး​တဲ့​အ​နေနဲ့​ စာ​ပေနဲ့​ ယဉ်​ကျေး​မှုအဖွဲ့​ဝင် ၁၀ ဦး​ သွား​ပြီး​ ​ဖျော်​ဖြေ​ပေး​ခဲ့​တယ်။ ​ခေတ်​ဟောင်း​အက၊​ ​ခေတ်သစ်အက​တွေ ပါပါတယ်။ သူတို့​ကလည်း​ ​ထောင်ထဲက​နေ ရသမျှ ပစ္စည်း​နဲ့​ ဖန်တီး​ပြုလုပ်ထား​တဲ့​ တိုး​နယား​တွေ၊​ တိုး​ထိန်း​အရုပ်​တွေနဲ့​ ပြန်ပြီး​ ကပြ​ဖျော်​ဖြေတယ်။ ​ထောင်ထဲမှာ ရှမ်း​စာသင်တန်း​လည်း​ရှိပြီး​ ဒီ​နေ့​မှာ စာစီစာကုံး​နဲ့​ ကဗျာ​ရေး​ပြိုင်ပွဲ၊​ ရှမ်း​ပြည်နဲ့​ပတ်သက်တဲ့​ အ​ထွေ​ထွေ ဗဟုသုတ ဥာဏ်စမ်း​ပွဲလုပ်တယ်။ ဆု​ပေး​ပွဲလည်း​ ကျင်း​ပတယ်။"

ထောင်တွင်း​ နှစ်ကူး​ပွဲကို သွား​ရောက်ခဲ့​တဲ့​ ရှမ်း​စာ​ပေယဉ်​ကျေး​မှုအဖွဲ့​ဝင်တဦး​က “ရှမ်း​လူမျိုး​အကျဉ်း​သား​တွေနဲ့​အတူ ကရင်၊​ ဗမာ၊​ မုန်း​၊​ လီ​ရှော စတဲ့​ အကျဉ်း​သား​တွေ လည်း​လာကြတယ်။ သူတို့​တွေအား​လုံး​ ​ပျော်ရွှင်​နေကြတယ်။ အရင်တုန်း​က လုပ်ခွင့်​ရမယ်မထင်လို့​ ​ထောင်ခြံစည်း​ရိုး​နား​မှာ ကျိတ်ပြီး​လုပ်ခဲ့​ရတယ်လို့​” ​ပြောပါတယ်။

ချင်း​မိုင် ​ထောင်မှူး​ကြီး​ ခွန်ဝပ်ထနက​တော့​ အကျဉ်း​သား​တွေကို ခုလို နှစ်သစ်ကူး​ပွဲ ကျင်း​ပခွင့်​ပြုတာ၊​ ပြင်ပလူ​တွေနဲ့​ ​တွေ့​ဆုံခွင့်​ပြုတာဟာ သူတို့​ရဲ့​ စိတ်ဓာတ်ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​အတွက်ဖြစ်တယ်လို့​ ရှမ်း​နှစ်သစ်ကူး​ပွဲ​တော်ဖွင့်​ပွဲ မိန့်​ခွန်း​မှာ ​ပြောသွား​တယ်လို့​ ဆိုပါတယ်။

ထိုင်း​နိုင်ငံ​မြောက်ပိုင်း​ ဗဟိုအမျိုး​သား​အကျဉ်း​ထောင်မှာ အကျဉ်း​သား​ပေါင်း​ ၄၀၀၀ ​ကျော်ရှိပြီး​ မြန်မာနိုင်ငံသား​ အကျဉ်း​သား​ပေါင်း​ ၅၀၀ ​ကျော်ရှိ​ကြောင်း​၊​ အဲဒီထဲက တချို့​ လာမယ့်​ ဒီဇင်ဘာ ၅ ရက် ဘုရင်ကြီး​မွေး​နေ့​မှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ရမှာဖြစ်ပြီး​ အကျဉ်း​သား​စုစု​ပေါင်း​ ၁၂၃၅ ဦး​ကို ၃ သုတ်ခွဲ လွှတ်​ပေး​ဖို့​ရှိတယ်လို့​လည်း​ ​ထောင်မှူး​က ​ပြောကြား​သွား​ပါတယ်။

ထောင်တွင်း​ ရှမ်း​နှစ်သစ်ကူး​ပွဲကို တခြား​ မယ်​ဟောင်​ဆောင်ခရိုင် ဗဟိုအကျဉ်း​ထောင်နဲ့​ နခွန်း​ရခ်ျဆီမား​ခရိုင် ​ခေါင်း​ဖိုင် အကျဉ်း​ထောင်​တွေထဲမှာ နိုဝင်ဘာလ ၂၅၊​ ၂၆ ရက်​နေ့​တွေတုန်း​ကလည်း​ ရှမ်း​လူမျိုး​အကျဉ်း​သား​တွေ ကျင်း​ပခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013