DVB Logo
Home
မြန်မာသတင်း

၁၆ ရက်စမယ့် ဘတ်စ်ကားလိုင်းသစ်အတွက် စေတနာ့ဝန်ထမ်းများ ခေါ်နေ

DVB
·
January 11, 2017
၁၆ ရက်စမယ့် ဘတ်စ်ကားလိုင်းသစ်အတွက် စေတနာ့ဝန်ထမ်းများ ခေါ်နေ
Donate to DVB

 

ရန်ကုန်မှာ အခုလ ၁၆ ရက်စတင်မယ့် ဘတ်စ်စကားလိုင်းစနစ်သစ်မှာ အများပြည်သူ အခက်အခဲများ ကို ကူညီဖြေရှင်းပေးမယ့် စေတနာ့ဝန်ထမ်းများ ခေါ်ယူနေပါတယ်။

ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးအာဏာပိုင် အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာက ခေါ်ယူနေတာဖြစ်ပြီး စေတနာ့ဝန်ထမ်း လုပ်ပေးလိုသူတွေဟာ https://www.facebook.com/yangonbus/ ဖေ့စ်ဘွတ်၊ မြို့နယ်အလိုက်သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနဲ့ ၀ိုင်းကူညီပေးကြမယ့် အရပ်ဘက်အဖွဲ့ တွေကို ဆက်သွယ်ပြီး စာရင်းပေးနိုင်ကြပါတယ်။

ရန်ကုန်အစိုးရက နှစ်ပေါင်း ၅၀ ကျော်ကြာသက်တမ်းရှိတဲ့ မထသ အဖွဲ့ကို ဇန်န၀ါရီ ၁၅ ရက်မှာ အပြီး ဖျက်ပြီး အများပိုင်ဘတ်စ်စကား လိုင်း ၆၀နဲ့ အစားထိုးပြေးဆွဲဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

လိုင်းသစ်စတင်မယ့် ဇန်န၀ါရီ ၁၆ ရက်မှာ ခရီးသည်များ အခက်မတွေ့အောင် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အဲ့ဒီနေ့မှာ ၀ိုင်းဝန်းကူညီကြမှာဖြစ်ပြီး စာရင်းဇယားတွေအရ ရန်ကုန်မှာ ခရီးသည် ၂ သန်းခန့် ဘတ်စ်ကားနဲ့ ခရီးသွားနေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013