DVB Logo
Home
Lead Story
Hoax News အရူးလုပ်မခံပါနဲ့
DVB
·
January 11, 2017
Hoax News အရူးလုပ်မခံပါနဲ့
Donate to DVB

 

ကျနော့်ဆီ ပို့ပေးတာ အနည်းဆုံး ၂ ယောက်ရှိတယ်။ ပထမတခါ ခေါင်းစဉ်ကို ဖတ်တာနဲ့ ခိုင်မာမှုကို စစ်မနေပါ၊ ပို့စ်လည်း မတင်ပါ။ အခုထပ်လာလို့ သတင်းစုံကို ဖတ်ရပါတယ်။ Emergency News: Radio 1 FM announced that Thai govt confirmed လို့ ရေးတဲ့သတင်းကို ထိုင်းနိုင်ငံမှာ စည်သွပ်ဘူးတွေထဲမှာ HIV ပါတယ် စသဖြင့် အင်္ဂလိပ်လို ရေးထားတယ်။ ဖတ်ချင်မနေပါနဲ့။

http://www.snopes.com/hiv-in-canned-food-warning/ သတင်းကိုသာ ဖတ်ရင် ဟုတ်သလို ထင်တယ်။

http://www.hoax-slayer.com/canned-fruit-thailand-hiv-hoax.shtml ကို ဖတ်ရင် (အင်) ဆိုတာ သိမယ်။

သတင်းကို ထိန့်လန့်ချောက်ချားအောင်လုပ်တာ ရာဇဝတ်မှု ဖြစ်သင့်တယ်။ အဲလိုလုပ်တဲ့ နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမှုရေးသတင်းတွေလည်း အရေးယူသင့်ပါတယ်။ အရင်ကလည်း အဲလိုသတင်းမျိုးတွေထွက်လို့ ရေးထာတာတွေ ရှိတယ်။

၎-၇-၂ဝ၁၂ နေ့က Frooti contains contaminated Blood of a worker who is suffering from HIV AIDS (ဖရုတီ) ဖျော်ရည်လုပ်စက်ရုံမှာ HIV/AIDS ရောဂါ ခံစားနေရသူတယောက်ရဲ့ သွေးပါနေတယ်ဆိုတဲ့ သတင်းကို အိန္ဒိယနိုင်ငံ ဆိုရှယ်မီဒီယာမှာ ရေးတယ်။ အဲဒီခြောက်လှန့်သတင်းထဲမှာ ဒေလီရဲကနေ သတိပေးချက်လည်း ထုတ်ထားတယ်လို့ အကိုးအကားပါ ထည့်ရေးထားသေးတယ်။ ဆိုရှယ်မီဒီယာတွေမှာ ပြန့်သွားခဲ့ပါတယ်။ (မက်ဆေ့ခ်ျ) ထဲမှာ NDTV ကနေ ပြသသွားတယ်လို့ပါ ထည့်ထားသေးတယ်။ ဒီသတင်းကို ဖြစ်နိုင်သလောက် ရှယ်ကြပါလို့လည်း ဆိုထားသေးပါတယ်။

ဒေလီရဲကနေ အဲဒီလို ထုတ်ပြန်ချက်ထုတ်မထားပါ။ HIV ပိုးဟာ အစားအသောက်ကနေတဆင့် မကူးစက်ပါ။ HIV ပိုးပါနေတဲ့သွေးကို စားသုံးမိလို့ ရောဂါကူးစက်နိုင်ခြင်း မရှိပါ။ HIV ပိုးဟာ အပြင်မှာ တာရှည်မရှင်နိုင်ပါ။ ပိုးပါနေတဲ့ သွေးဖြစ်ဖြစ်၊ သုက်ရည်ဖြစ်ဖြစ်ဟာ ကိုယ်ထဲကနေ အပြင်ရောက်လို့ လေနဲ့ထိတွေ့တာ၊ ချက်ပြုတ်ကြော်လှော်တာ၊ အစာအိမ်ထဲ ရောက်သွားရင် အက်စစ်ဓာတ်နဲ့ ထိတွေ့တာကြောင့် ဖျက်ဆီးခြင်း ခံရမယ်။ ဒါကြောင့် အစားအသောက်ကနေ HIV မကူးစက်နိုင်တာ ဖြစ်တယ်။ ဒါကြောင့် (ဖရုတီ) ဖျော်ရည်ထဲမှာ HIV ပိုးပါနေတယ်ဆိုတာ ခြောက်လှန့်တဲ့ သတင်းတခုသာ ဖြစ်တယ်။ အရင်ကလည်း HIV in Pepsi ပက်ဆီထဲမှာ HIV ပါနေတယ်လို့ သတင်းမှား ထုတ်သလိုမျိုးသာ ဖြစ်တယ်။ ဘယ်ကိုမှ ရှယ်မလုပ်ပါနဲ့။

၁၉-၇-၂ဝ၁၂ နေ့က AIDS-Infected Needles AIDS ပိုးပါ ဆေးထိုးအပ်ဆိုတဲ့သတင်း အမေရိကမှာ ထွက်ခဲ့တယ်။ ဥရောပကနေ ပျံသန်းလာတဲ့ ဒယ်လ်တာလေကြောင်းမှာ ကျွေးမွေးတဲ့ ကြက်ဆင်သား အသားညှပ်ပေါင်မုန့်ထဲမှာ ဆေးထိုးအပ်တွေ့တယ်လို့ ဆိုထားတယ်။ ခရီးသည်တယောက် ထိခိုက်မှု အကြီးအကျယ်ရပြီး ဆေးထိုးအပ်မှာ HIV ပိုး ပါနေသလားလို့ စိုးရိမ်နေရတယ်လို့ပါ ဆိုထားတယ်။ ခရီးသည်နာမည်က Jim Tonjes ဖြစ်တယ်။ သူ့ကို HIV ကာကွယ်ဖို့ရာ ART ဆေး ၂၈ ရက်ကြာ သောက်ခိုင်းပါတယ်တဲ့။ ဒီလိုဖြစ်အောင် အကြမ်းဖက်သမားတွေက လုပ်တာလားလို့ မေးကြပြန်တယ်တဲ့။

ဆေးထိုးအပ်မှာ HIV ပါနေပေမယ့် ပိုးဟာ အပြင်မှာ ကြာကြာမရှင်နိုင်လို့ ကြံစည်မှုဟာ အောင်မြင်ဖို့မဖြစ်နိုင်ပါ။ လေယာဉ်ပေါ်မှာ ခရီးသယ်တွေကို မကျွေးခင် (မိုက်ခရိုဝေ့ဖ်) နဲ့ ပူအောင်လုပ်တော့ ပိုးပါနေလည်း သေပါမယ်။ လူတွေကို အဲလို သေကြောင်းကြံဖို့ တခြားထိရောက်တဲ့အဆိပ်တွေ အများကြီးရှိနေတယ်။

၈-၄-၂ဝ၁၄ နေ့တုံးက အချိန် ၃ မိနစ်လောက်ပေးပြီး ဖတ်ပေးပါခင်ဗျားဆိုပြီး၊ HIV သတိပေးချက်ကို ဖေ့စ်ဘွတ်မှာ တွေ့ခဲ့တယ်။ ရုပ်ရှင်ရုံထိုင်ခုံမှာ ဆေးထိုးအပ်ထောင်ထားပြီး ခင်ဗျား HIV ပိုး အကိုက်ခံရပြီ၊ ကမ္ဘာ့ HIV မိသားစုမှ ကြိုဆိုပါတယ်စာတမ်းပါ ထားခဲ့တယ်လို့ ရေးထားတာဖြစ်တယ်။ မဖြစ်နိုင်ကြောင်း ရှင်းလင်းခဲ့ရပါတယ်။

၁၆-၃-၂ဝ၁၅ နေ့က HIV-Infected Needles Are Being Found in Theater Seats-Fiction! ဆိုတဲ့ နောက်သတင်းက ထွက်တာပါ။ တနေရာမှာ တမျိုးချဲ့ကားပြောတဲ့ (ဗားရှင်း) တွေလည်း ရှိခဲ့တယ်။ သတင်းထဲမှာ အမျိုးသမီးတယောက် ရုပ်ရှင်သွားကြည့်တယ်။ ထိုင်ခုံမှာ ထိုင်ချလိုက်တာ တခုခုစူးတာ ခံရတယ်။ အမြန်ပြန်ထပြီးရှာတော့ ဆေးထိုးပိုက်နဲ့ အပ်တချောင်း တွေ့တယ်။ ဒါ့ပြင် သတိပေးစာတခုလည်း တွဲထားသေးတယ်။ ခင်ဗျားတော့ HIV ကူးပြီ။ ကျုပ်တို့ကမ္ဘာက ကြိုဆိုပါတယ်တဲ့။ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနကနေ ရုပ်ရှင်ရုံတွေမှာ ဆေးထိုးအပ်ကို သတိပေးချက် ထုတ်ထားတယ်တဲ့။

Hoax အကြံအဖန်သတင်းပါပဲ။ ခုထိ ဘယ်ရုပ်ရှင်ရုံမှာမှ HIV ပိုးပါ ဆေးထိုးအပ်တွေ့တယ်ဆိုတာ မရှိပါ။ တချို့ ဗားရှင်းတွေမှာ ပိုက်ဆံထည့်သုံးရတဲ့ ဖုန်းစက်ကနေ ပြန်အမ်းတဲ့ (ကွိုင်) အကြွေစေ့မှာ ဆေးထိုးအပ် တွေ့တာ။ ပန်းခြံက အလွယ်ဝယ်ရ စားသောက်ဆိုင်မှာ။ ဖလော်ရီဒါ၊ တက်ဆပ်စ် ဖျော်ရည်ဝယ်ရတဲ့ စက်မှာ။ စပြီးဖြန့်တဲ့သတင်းမှာ ကနေဒါနိုင်ငံ မွန်ထရီရယ် ရုပ်ရှင်ရုံမှာတဲ့။

၁၈-၇-၂ဝ၁၅ ဆရာခင်ဗျား ဇဝေဇဝါဖြစ်အောင် ရေးထားတဲ့အတိုင်း ဖြစ်နိုင်၊ မဖြစ်နိုင် အများသူငါ သိနိုင်ဖို့ ပို့စ်လေး ရေးပေးပါခင်ဗျာ။

ပေးတဲ့လင့်ခ်ကို ဖတ်တော့ နာနတ်သီး စားမိရာမှ AIDS ဖြစ်ခေါင်းစဉ်နဲ့ Myawady Health မှာတင်ထားတာ ဖြစ်ပါတယ်။

သတင်းပါအကြောင်းတွေကိုချုပ်ရင် အသက် ၁ဝ နှစ်အရွယ် ကောင်လေးတယောက်၊ နာနတ်သီးစိတ် ဝယ်စား၊ နောက် ၁၅ ရက်ကြာတဲ့အခါ နေမကောင်းဖြစ်၊ ဆေးစစ် HIV ရောဂါပိုးတွေ့ရှိ၊ နာနတ်သီး စားမိရာမှ HIV ကူးစက်ခဲ့။ လမ်းဘေး အစားအစာဝယ်စားတာ သတိထားတဲ့။

HIV ဆိုတာ (၁) လိင်ဆက်ဆံမှု။ (၂) ပိုးရှိမိခင်ကနေ မွေးလာတဲ့ကလေးနဲ့ (၃) ဆေးထိုးအပ်ကနေသာ ကူးစက်နိုင်တယ်။ ပို့စ်မှာ ချက်ချင်းဆိုသလိုပဲ ဆေးရုံကနေ နာနတ်သီးရောင်းသူထံ အမြန်သွားခဲ့ကြပါတယ်လို့ ရေးထားတယ်။ အဲတာလည်း မထင်ပါ။ HIV တရားခံရှာတဲ့အလုပ်ကို ဆေးရုံက ဘယ်ဆရာဝန်ကိုမှ သွားကြည့်ဖို့ တာဝန်ပေးထားနိုင်တာ မရှိပါ။ ကပ်ရောဂါလိုဖြစ်ရင်သာ ရောဂါကာကွယ်တိုက်ဖျက်ရေး တာဝန်ရှိသူတွေက ဆောင်ရွက်ကြရပါတယ်။ AIDS ဝေဒနာရှင် နာနတ်သီးသည်လို့ ရေးထားတယ်။ HIV ပိုးတွေသူတိုင်းက AIDS မဟုတ်ပါ။ နာနတ်သီးစိတ် ဝယ်စားပြီးနောက် ၁၅ ရက် ကြာတဲ့အခါမှာတော့ နေမကောင်းစဖြစ်၊ ဆေးစစ်တော့ HIV တွေ့တယ်လို့ ဆိုထားတယ်။ HIV ကို သံသယဖြစ်စရာနဲ့ ကြုံပြီးနောက် ၃ လကြာမှသာ စစ်နိုင်ပါတယ်။ AIDS က နှစ်တွေကြာမှသာ ဖြစ်နိုင်တယ်။

သတိပေးတာ ကောင်းပါတယ်။ ခိုင်မာမှုကို အခြေပြုစေချင်ပါတယ်။ လူတွေကို အထိန်တလန့် မဖြစ်စေသင့်ပါ။ လူတွေကလည်း ရှယ်ကြတယ်။ ရှယ်တာကို ကုသိုလ်ရတယ် ထင်နေကြတယ်။ ယုံတဲ့လူတွေက ယုံကြတယ်။ ကမ္ဘာကြီးမှာ အရူးလုပ်ရတာ လွယ်တယ်။ ကျန်းမာရေးနဲ့ နိုင်ငံရေးမှာ အရူးလုပ်တာမခံကြရအောင် ကျနော် စာတွေ ရေးနေတာပါ။

ဒေါက်တာတင့်ဆွေ

၇-၁-၂ဝ၁၇

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013