DVB Logo
Home
မြန်မာသတင်း
၂၀၁၆ တွင် ရန်ကုန်-မန္တလေးအမြန်လမ်း ယာဉ်မတော်တဆမှုအတွင်း ၁၆၇ ဦး သေဆုံး
DVB
·
January 11, 2017
၂၀၁၆ တွင် ရန်ကုန်-မန္တလေးအမြန်လမ်း ယာဉ်မတော်တဆမှုအတွင်း ၁၆၇ ဦး သေဆုံး
Donate to DVB

၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူပေါင်း ၁၆၇ ယောက်ရှိပြီး ၁၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာမှာ ကိုယ်ပိုင်ယာဉ်ငယ် မတော်တဆမှု အများဆုံးဖြစ်ပြီး လိုက်ထရပ်ယာဉ်က ဒုတိယနဲ့ စီးနင်းခွင့်မပြုထားတဲ့ မော်တော်ဆိုင်ကယ် မတော်တဆမှုက တတိယအများဆုံး ဖြစ်ပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ နေ့စဉ် ပျမ်းမျှ ယာဉ်စီးရေ ၂ သောင်းကျော် သွားလာနေပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလကစလို့ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်တဲ့ မော်တော်ယာဉ်တွေကို စစ်ဆေးအရေးယူခဲ့တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီလို သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းတဲ့ ယာဉ်တွေကို အရေးယူခဲ့ရာမှာ စက်တင်ဘာလမှာ ၁၁၀၀ ကျော်၊ အောက်တိုဘာလမှာ ၁၇၀၀ ကျော်၊ နိုဝင်ဘာလမှာ ၁၆၀၀ ကျော်၊ ဒီဇင်ဘာလမှာ ၁၆၀၀ ခန့် အရေးယူခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာ စတင်ဖောက်လုပ်ပြီး ၂၀၀၉ ခုနှစ်မှာ ဖွင့်လှစ်အသုံးပြုခဲ့တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ လူကြောင့်၊ လမ်းကြောင့်၊ ယာဉ်ကြောင့်နဲ့ ရာသီဥတုတွေကြောင့်အပြင် မမျှော်မှန်းနိုင်တဲ့ အခြေအနေ အမျိုးမျိုးကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားခဲ့ပေမယ့် လူကြောင့် ဖြစ်ပွားမှုဟာ ရာခိုင်နှုန်းများတယ်လို့ ဝန်ကြီးဌာနက ဆန်းစစ်လေ့လာ တွေ့ရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013