DVB Logo
Home
မြန်မာသတင်း
ကျိုက်ထီး​ရိုး​ အထမ်း​သမား​များ​ ဝင်​ငွေ​လျှော့
DVB
·
November 29, 2011
ကျိုက်ထီး​ရိုး​ အထမ်း​သမား​များ​ ဝင်​ငွေ​လျှော့
Donate to DVB

ကျိုက်ထီး​ရိုး​ဘုရား​ဖူး​ရာသီရဲ့​ အစည်း​ကား​ဆုံး​အချိန်ကို ​ရောက်​နေ​ပေမယ့်​ အထမ်း​သမား​တွေနှင့်​ ​ဈေး​သည်​တွေရဲ့​ ဝင်​ငွေ ကျဆင်း​သွား​နေတယ်လို့​ ​ဈေး​သည်​တွေက ​ပြောပါတယ်။

ဒီနှစ်ဘုရား​ဖူး​ ရာသီအစ သီတင်း​ကျွတ်လပြည့်​ကစလို့​ ဘုရား​ဖူး​ယာဉ်​တွေအား​လုံး​ ​တောင်​ခြေ (ကင်ပွန်း​စခန်း​) က​နေ ရင်ပြင်​တော် အ​ရောက် ​ပြေး​ဆွဲ​နေကြတာ​ကြောင့်​ အဆင်မ​ပြေ ဖြစ်ရတာလို့​ ရ​သေ့​တောင်ကား​ဝင်း​က ​ဈေး​သည်တဦး​က ​ပြောပါတယ်။

“အဲဒါ ​မော်​တော်ယာဉ်အဖွဲ့​အစည်း​တွေက လက်ဝါး​ကြီး​အုပ် ​လောဘ​ဇောတက်ပြီး​တော့​ ကျ​နော်တို့​ဒီမှာ ​ဈေး​သူ​ဈေး​သား​တွေနဲ့​ ကုန်တင်ကုန်ချ အလုပ်သမား​တွေ ဒုက္ခ​ရောက်တာ​ပေါ့​။ ​ဈေး​သူ​ဈေး​သား​တွေက ဒီ​မော်​တော်ယာဉ် ချမှသာလျှင် ​ရောင်း​စား​ရမှာ။ အခုက ဘုရား​ဖူး​တွေကို ရ​သေ့​တောင်မှာ မချ​ပေး​တော့​ မိသား​စု ​ထောင်​ပေါင်း​များ​စွာ ဒုက္ခ​ရောက်တာ​ပေါ့​။ စား​ဝတ်​နေ​ရေး​ကြောင့်​ ​ဈေး​ရောင်း​ရတာက မနက်စာ၊​ ညစာ ဆန်ဖိုး​တောင် အနိုင်နိုင်။ ကျ​နော်တို့​ ရ​သေ့​တောင်ကုန်း​ပေါ်မှာတင် ဆိုင် ၃၀ ​လောက်ရှိတယ်။ ရင်ပြင်​တော်အတက်ဆိုရင် ဆိုင်က ၅၀ ​လောက်ရှိတယ်။ ကြား​မှာဆိုရင် အထမ်း​တရာဆိုရင် လူ ၄၀၀ ရှိတယ်။ အမျိုး​သမီး​ ကုန်ထမ်း​လေး​တွေ၊​ အမျိုး​သား​ ပလိုင်း​လွယ်​လေး​တွေ ကုန်ထမ်း​တွေ ရှိတယ်။”

အရင် နှစ်​တွေတုန်း​က ဘုရား​ဖူး​ယာဉ်​တွေကို ရင်ပြင်မ​ရောက်ခင် ရ​သေ့​တောင် ကား​ဂိတ်မှာရပ်၊​ ဘုရား​ဖူး​တွေဟာ အဲဒီက​နေ ၁ မိုင် ၂ ဖာလုံခရီး​ကို နာရီဝက်ကြာ ​ခြေလျင်တက်ကြတာ ဖြစ်ပါတယ်။

ခြေလျင်မတက်နိုင်သူ​တွေ၊​ သက်ကြီး​ရွယ်အို​တွေက ရ​သေ့​တောင်ကား​ဂိတ်က​နေ ​လေး​ယောက်ထမ်း​ ထမ်း​စင်​တွေနဲ့​ တက်ရင် ၂ ​သောင်း​နီး​ပါး​ ကုန်ကျပါတယ်။

ရိုး​ရိုး​ခရီး​သည်​တွေအတွက် အရင်က ရ​သေ့​တောင်အ​ရောက် ၁၅၀၀ ကျပ် ​ပေး​ရပြီး​ အခု ရင်ပြင်အ​ရောက် ၃၀၀၀ ကျပ်​ပေး​ရပါတယ်။ နာရီဝက်ကြာ ​တောင်တက်စရာမလိုတဲ့​အတွက် သက်သာပါတယ်။ ကား​သမား​တွေဘက်က ကြည့်​ရင်လည်း​ ရ​သေ့​တောင်က​နေ ရင်ပြင် ခရီး​တိုအတွက် ​မောင်း​ပို့​ရုံနှင့်​ အရင်ထက် ကား​ခနှစ်ဆ ပိုရသွား​တဲ့​အတွက် အဆင်​ပြေပါတယ်။

ဒါ​ပေမယ့်​ အထမ်း​သမား​တွေနဲ့​ ​ဈေး​သည်​တွေက အဆင်မ​ပြေဘူး​လို့​ ​ဈေး​သည်တဦး​က ​ပြောပါတယ်။

“ဘုရား​ဖူး​များ​ရင် စ​နေ​နေ့​ဆိုရင် အစီး​ ၂၀၀ ​ကျော်။ ဖြစ်​စေချင်တာက ၂၀၀ ​လောက် တက်မယ်ဆိုရင် ၁၀၀ ​လောက်ကို ရ​သေ့​တောင်မှာ ချ​ပေး​ပေါ့​။ အဲလိုဆိုရင် ​ဈေး​သည်​တွေလည်း​ အလုပ်ဖြစ်မယ်။ သူတို့​တွေလည်း​ အလုပ်ဖြစ်မယ်။ အစီး​ ၂၀၀ မှာ ၂၀ ​တောင် မ​ပေး​နိုင်ဘူး​ဆို​တော့​ ရ​သေ့​တောင်မှာ ဒီက​ဈေး​သည်​တွေက အ​ရောင်း​အဝယ် မဖြစ်ကြဘူး​ပေါ့​။ ငုတ်တုတ်ထိုင်​နေရတယ်။ သုံး​ပုံတပုံ​တောင် မရဘူး​။ စ​နေရက်​တွေဆိုရင် တစ်သိန်း​ခွဲ၊​ နှစ်သိန်း​ ​ရောင်း​ရတာ၊​ အခုဆိုရင် သုံး​လေး​သောင်း​ပဲ ရ​တော့​တယ်။ တခါတ​လေကျရင် ၂ ​သောင်း​လောက်ပဲ ရတယ်။”

ဒီလို အဆင်မ​ပြေ ဖြစ်​နေတဲ့​အ​ကြောင်း​ကို စက်တင်ဘာလကုန်ပိုင်း​က ​ဈေး​သည်​တွေက သမ္မတ ဦး​သိန်း​စိန်ဆီကို အသနား​ခံစာတင်ထား​တယ်လို့​ သိရပါတယ်။

တောင်တက်ကား​တွေက​တော့​ လာမယ့်​ ဒီဇင်ဘာလ ၁ ရက်​နေ့​မှာ အထူး​အစီအစဉ်အဖြစ် ဘုရား​ဖူး​အား​လုံး​ကို ​တောင်​ခြေက​နေ ရင်ပြင်အ​ရောက် အခမဲ့​ ပို့​ဆောင်​ပေး​ဖို့​ ​ကြေညာထား​တယ်လို့​ ​ဈေး​သည်​တွေက ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013