တာချီလိတ်မြို့နယ်အတွင်း ဝင်ရာက်ပြီး ရွှေခိုးတူးနေကြတဲ့ တရုတ်နိုင်ငံသား ၈ ဦးကို ဖမ်းထားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းက တာချီလိတ်မြို့နယ်၊ ဟွေ့လှမ်းကျေးရွာအနီးမှာ တရားမဝင် ရွှေတူးဖော်နေတဲ့ သတင်းရလို့ တပ်မတော်စစ်ကြောင်းက ရှင်းလင်းရှာဖွေရာမှာ ရွှေခိုးတူးနေကြတဲ့ တရုတ် ၈ ဦးနဲ့ မြန်မာ ၂၀ ဦးတို့ကို ရွှေတူးတဲ့ ပစ္စည်းကိရိယာတွေနဲ့ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ရွှေခိုးတူးနေသူတွေနဲ့အတူ ဘက်ဟိုး ၃ စီး၊ ဒိုဇာ ၁ စီး၊ မြေသယ်ယာဉ် ၃ စီး၊ မော်တော်ယာဉ် ၁ စီး၊ ရေစုပ်စက် ၃ လုံး၊ မီးစက် ၁ လုံး၊ လူနေတဲ ၃ လုံးတို့ကို သိမ်းဆည်းရမိပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။











