
ထိုင်ဝမ်နိုင်ငံထုတ် အလှကုန်ပစ္စည်းတမျိုးမှာ တားမြစ်ဓာတုပစ္စည်းဖြစ်တဲ့ မာကျူရီ ပါဝင်နေပြီး အစားအသောက်နဲ့ ဆေးဝါးစစ်ဆေးရေးဌာနမှာ မှတ်ပုံတင်မထားလို့ သုံးစွဲရန်မသင့်ဘူးလို့ ကျန်းမာရေးဌာနက အသိပေး ကြေညာထားပါတယ်။
OBAS လို့ အမည်ရတဲ့ အရေပြားလိမ်းတဲ့ အလှကုန်ပစ္စည်းမှာ မာကျူရီ ပြဒါးပါနေလို့ ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့အတွက် မသုံးကြဖို့ ကြေညာတာဖြစ်ပြီး အလှကုန်ပစ္စည်း ရောင်းချတဲ့ဆိုင်တွေကလည်း အဲဒီပစ္စည်းကို မရောင်းကြဖို့ သတိပေးပါတယ်။
အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချတဲ့ ကုမ္ပဏီများနဲ့ လက်လီ၊ လက်ကားဆိုင်များဟာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက အများပြည်သူ သုံးစွဲရန်မသင့်ဘူးလို့ ကြေညာထားတဲ့ အလှကုန်တွေကို ရောင်းချရင် ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်ခွဲ ၃ (ဃ) အရ အရေးယူခံရမှာ ဖြစ်ပါတယ်။











