DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းပြည်ပအန္တရာယ်အတွက် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တဦး ခန့်အပ်
DVB
·
January 11, 2017
ပြည်တွင်းပြည်ပအန္တရာယ်အတွက် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တဦး ခန့်အပ်
Donate to DVB

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဦးသောင်းထွန်းကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးအဆင့် တာဝန်ပေးပြီး ခန့်အပ်လိုက်ပါတယ်။

အကြံပေးပုဂ္ဂိုလ်အနေနဲ့ ပြည်တွင်းပြည်ပ အန္တရာယ်တွေနဲ့ စပ်လျဉ်းပြီး မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ်ကာ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အား အကြံပြုနိုင်ဖို့ ခန့်အပ်လိုက်တာလို့ နိုင်ငံတော်သမ္မတရုံးရဲ့ ဇန်နဝါရီ ၁ဝ ရက် အမိန့်စာမှာ ဖော်ပြပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရာထူးကို ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ပြီး ခန့်အပ်တာဝန်ပေးဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကနေ သဘောတူဆုံးဖြတ်ခဲ့တာဖြစ်ပြီး အကြံပေးပုဂ္ဂိုလ်ရဲ့ ခံစားခွင့်ဆိုင်ရာ ကိစ္စရပ်တွေကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဆောင်ရွက်ပေးရမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013