DVB Logo
Home
မြန်မာသတင်း
အစိုးရ ပြန်ကြားရေးဝက်ဆိုက် ဆိုက်ဘာတိုက်ခိုက်ခံရ
DVB
·
January 10, 2017
အစိုးရ ပြန်ကြားရေးဝက်ဆိုက် ဆိုက်ဘာတိုက်ခိုက်ခံရ
Donate to DVB

 

အစိုးရပြန်ကြားရေးဝန်ကြီးဌာနရဲ့  အင်တာနက်စာမျက်နှာ Webportal ပြည်ပကနေ ဆိုက်ဘာ တိုက်ခိုက်တာ ခံခဲ့ရတယ်လို့  ပြန်ကြားရေးက ဒီကနေ့ အတည်ပြုသတင်းထုတ်ပြန်ပါတယ်။

ဇန်န၀ါရီ ၇ရက် ည ၉နာရီခွဲလောက်ကစပြီး DDoS attack နဲ့ တိုက်ခိုက်ခဲ့လို့  နောက်တနေ့မနက်မှာ Webportal ကို ကြည့်ရှုလို့ မရတော့တဲ့အကြောင်း အဆိုပါ တိုက်ခိုက်မှုဟာ  ပြည်ပ အခြေပြု IP နံပါတ်တွေနဲ့ အများဆုံး တိုက်ခိုက်ခဲ့တာကို  စိစစ်တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။

MPT Gateway အတွင်းသို့ ဝင်ရောက် လာတဲ့ အန္တရာယ်ရှိတဲ့ IP တွေကို ပိတ်ခဲ့ပြီးနောက် ဇန်န၀ါရီ ၉ ရက်ညပိုင်းမှာ ပြန်ကြားရေးရဲ့  Webportal ဖြစ်တဲ့  www.moi.gov.mm ကို ပြန်လည် ကြည့်ရှုနိုင်ပြီ ဖြစ်သော်လည်း ပြည်ပနိုင်ငံများနှင့် Mobile ဖုန်းများမှ ကြည့်ရှု၍ မရသေးဘူးလို့ ပြန်ကြားရေးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013