DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင်လူ ၅ ဦးတွင် ၁ ဦးဟာ ပြည်တွင်း၌ ပြောင်းရွှေ့နေထိုင်ခဲ့ရ
DVB
·
January 10, 2017
မြန်မာနိုင်ငံတွင်လူ ၅ ဦးတွင် ၁ ဦးဟာ ပြည်တွင်း၌ ပြောင်းရွှေ့နေထိုင်ခဲ့ရ
Donate to DVB

 

မြန်မာနိုင်ငံမှာ  လူ ၅ ဦးမှာ  ၁ ဦးဟာ  ဘဝတစ်လျှောက်အနည်းဆုံး တကြိမ်တခါ ပြည်တွင်းမှာ ပြောင်းရွှေ့နေထိုင်ခဲ့ဖူးကြတယ်လို့  ပြည်သူ့အင်အားဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ရွှေ့ပြောင်း သွားလာခြင်းနှင့် မြို့ပြထွန်းကားလာခြင်းစာတမ်းမှာ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်အတွင်း ရွှေ့ပြောင်းသူ (၇)ရာခိုင်နှုန်း ရှိပြီး ပြည်တွင်းရွှေ့ပြောင်းသွားလာမှုတွေ ဟာ  ရန်ကုန်တိုင်းဒေသကြီးကို မဏ္ဍိုင်ပြုနေတဲ့အကြောင်းနဲ့ ရန်ကုန်တိုင်းကို ပြီးခဲ့တဲ့ ၅နှစ်အတွင်း ရွှေ့ပြောင်းလာကြသူ အများစုဟာ ဧရာဝတီတိုင်းက ဖြစ်တယ်လို့ စာတမ်းအရသိရပါတယ်။

မြန်မာပြည်မှာ မြို့ပြဒေသမှာ နေထိုင်သူဦးရေဟာ နိုင်ငံလူဦးရေရဲ (၃၀) ရာခိုင်နှုန်းခန့်သာ ရှိပြီး နိုင်ငံပိုမိုဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မြို့ပြထွန်းကားကြီးထွားလာမှုတို့ အမြန်ဖြစ်ပေါ်လာမယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေအရ မြို့ပြထွန်းကားလာမှုဟာ ရန်ကုန်မြို့မှာ မြင့်မားစွာဖြစ်ပေါ်နေပြီး ရန်ကုန်ဟာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေးနိုင်တဲ့ နေရာတခုလိုဖြစ်နေတာကြောင့် ခုလို မြို့ပြဖြစ်ထွန်းရတာလို့ စာတမ်းမှာ သုံးသပ်ထားပါတယ်။

ဒီစာတမ်းကို ပြည်တွင်းရွှေ့ပြောင်းသွားလာခြင်း၊ ပြည်ပရွှေ့ပြောင်းသွားလာခြင်း၊ မြို့ပြနှင့် ကျေးလက်ဒေသတွင် လူဦးရေပျံ့နှံ့နေထိုင်မှု (မြို့ပြထွန်းကားလာခြင်း)ဆိုပြီး ရွှေ့ပြောင်းခြင်း ဖြစ်စဉ် ၃ မျိုးကို  အသေးစိတ်ဆန်းစစ် လေ့လာရေးသားပြုစုထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013