DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်ဟာ လက်နက်ကိုင်ပဋိပက္ခကြောင့် သဘာဝအလှ မခံစားနိုင်ဖြစ်နေဟု သမ္မတပြော
DVB
·
January 10, 2017
Donate to DVB

သယံဇာတတွေ ပေါများကြွယ်ဝတဲ့ ကချင်ပြည်နယ်ဟာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် သဘာဝအလှအပတွေကိုလည်း မခံစားနိုင်ဖြစ်နေရတယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ (၁ဝ) ရက်နေ့မှာ ကျရောက်တဲ့ (၆၉) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပေးပို့တဲ့ သ၀ဏ်လွှာမှာ သမ္မတက ပြောသွားတာဖြစ်ပါတယ်။

“ကချင်ပြည်နယ်ဟာ ရွှေ၊ ကျောက်စိမ်းစတဲ့ အဖိုးတန်သယံဇာတတွေ ပေါများကြွယ်ဝသလို အရှေ့တောင်အာရှ ဒေသရဲ့ တစ်ခုတည်းသော နှင်းဖုံးတောင်တန်းတွေရှိပြီး အလွန်သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင်တွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ ဆိုနိုင်တဲ့ ဧရာဝတီမြစ်ကြီး စတင်မြစ်ဖျားခံရာဒေသတစ်ခုလည်း ဖြစ်ပါတယ်။ဒီလိုသာယာလှပပြီး သယံဇာတတွေ ပေါများကြွယ်ဝတဲ့ ကချင်ပြည်နယ်ဟာ လက်နက်ကိုင် ပဋိပက္ခ တွေကြောင့် သဘာဝအလှအပတွေကိုလည်း မခံစားနိုင်၊ သယံဇာတတွေကိုလည်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ မှာ ထိထိရောက်ရောက် မသုံးနိုင်ဘဲ ဖြစ်နေရပါတယ်။”

ဒီနေ့အချိန်ဟာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ရေရှည် တည်တံ့မယ့်၊ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ တိုင်းရင်းသားအားလုံးက စိတ်ရင်းမှန်နဲ့ ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်ရမယ့် အချိန်အခါ ဖြစ်တယ်  ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိစေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အစိုးရနဲ့အတူ လက်တွဲပူးပေါင်းပြီး ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ပေးကြဖို့လည်း သမ္မတက တိုက်တွန်းပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့မှာ ပြည်နယ် အစိုးရအဖွဲ့က ဦးဆောင် ကျင်းပခဲ့ပြီး ဒေသခံ ဌာနတိုင်းရင်းသားတွေ၊ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

အလားတူ စီတာပူမနောကွင်းမှာလည်း ကချင်အမျိုးသားအတိုင်ပင်ခံဖွဲ့က ဦးဆောင်ပြီး ကချင်ပြည်နယ်နေ့ အခမ်းအနားကျင်းပရာမှာ  ထောင်သောင်းချီးတဲ့ ဒေသခံ တိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။

လွတ်လပ်ရေးရအပြီး  ၁၉၄၈ ဇန်နဝါရီ ၁ဝရက်မှာ ကချင်ပြည်နယ်ကောင်စီညီလာခံရဲ့ ပထမဆုံး အစည်းအဝေးကျင်းပခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် ဇန်နဝါရီလ (၁ဝ)ရက်နေ့ကို  ကချင်ပြည်နယ်နေ့ အဖြစ် သတ်မှတ်ကျင်းပလာခဲ့တာဖြစ်ပါတယ်။

အခုနှစ် ကချင်ပြည်နယ်နေ့ ကျင်းပချိန်ဟာ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013