DVB Logo
Home
မြန်မာသတင်း
မစ္စယန်ဟီးလီနှင့် ကချင်နှစ်ချင်းရစ်ယာန်အဖွဲ့ချုပ် သီးသန့်တွေ့ဆုံ
DVB
·
January 10, 2017
မစ္စယန်ဟီးလီနှင့် ကချင်နှစ်ချင်းရစ်ယာန်အဖွဲ့ချုပ် သီးသန့်တွေ့ဆုံ
Donate to DVB

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ  ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် (ကေဘီစီ)  တာဝန်ရှိသူတွေနဲ့ ဒီကနေ့ မနက်က သီးသန့်တွေ့ဆုံခဲ့ပါတယ်။

မစ္စယန်ဟီးလီနဲ့ ဒီမနက် မဒီရာဟိုတယ်မှာ ၄၅ မိနစ်ကြာ တွေ့ဆုံစကားပြောခွင့်ရပြီး အဓိကအားဖြင့် သတင်းထောက်တွေကို လိုက်ပါကူညီရင်း ပျောက်ဆုံးနေတဲ့ မုံးကိုးကအသင်းတော်ရဲ့ ဆရာ ၂ ဦးကိစ္စ၊ မူဆယ်ခရိုင် ကောင်းခါးရွာက ဆရာမ ၂ ဦးအသတ်ခံရတဲ့ အမှုကိစ္စနဲ့ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဇိုင်းအောင်နဲ့ မဂါးယန်စခန်းက ဒုက္ခသည်တွေအကြောင်း ပြောခဲ့ကြတယ်လို့ ကေဘီစီ အထွေထွေအတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်က ဒီဗွီဘီကို ပြောပါ တယ်။

“မစ္စယန်ဟီးလီနဲ့တွေ့တော့ ကျနော်တို့ဘက်က အိုင်ဒီပီကိစ္စတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေပေါ့ နော်၊ ဒါနဲ့ပတ်သက်ပြီးမှ သူသိချင်တာတွေ မေးတယ်။ ကျနော်တို့လည်း မုံးကိုးမှာ ဒီဗွီဘီနဲ့ ကုမုဒြာ သတင်းထောက်တွေကို ကူညီပေးပြီး ပျောက်ဆုံးနေတဲ့ မုံးကိုးက  နှစ်ချင်းအသင်းတော်က ဆရာ ၂ ယောက်နောက် ကောင်းခါးရွာက ဆရာမ ၂ ဦးကိစ္စ၊ တိုက်ပွဲကြောင့် ဒုက္ခသည် တစ်သောင်းနီးပါး ထပ်ပြေးနေရတဲ့ကိစ္စ အဲဒါတွေ ပြောဖြစ်ပါတယ်။ မစ္စယန်ဟီးလီကလည်း   ကျနော်တို့ ပြောပြတာတွေ ရေးမှတ်သွားပြီး အရင်တုန်းကနဲ့ ဘာမှမထူးခြားပါလားလို့ ပြောတယ်။ ပြီးတော့ သူသွားချင်တဲ့ လိုင်ဇာတို့ ဖားကန့်တို့ဘက်လည်း သွားလို့မရဘူး။ အာဏာပိုင်တွေက မပေးသွားဘူးလို့ ပြောတယ်။ သူကတော့ ကေအိုင်အိုခေါင်းဆောင်တွေနဲ့လည်း တွေ့ချင်တယ်လို့ ပြောတယ်။”

သူ့အနေနဲ့တော့ ဖြစ်နိုင်ရင် မစ္စယန်ဟီးလီကို ဒုက္ခသည်စခန်းတွေထိ သွားရောက်ပြီး ပကတိအခြေအနေတွေ တွေ့မြင်စေလိုကြောင်း၊ သူဟာ ဒုက္ခသည်စခန်းတချို့သွားဖို့ရှိပေမယ့် အစိုးရထိန်းချုပ်ထားတဲ့ စခန်းတွေလောက်ဘဲ သွားရမှာဖြစ်လို့ အခြေအနေမှန်အားလုံးမသိနိုင်ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့လက မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ တိုက်ပွဲတွေကြောင့် ၀ိုင်းမော်မြို့နယ်   ဇိုင်းအောင်နဲ့ မဂါးယန်ဒုက္ခသည်စခန်းက လူပေါင်း ၁ သောင်းလောက် တရုတ်နယ်စပ်ဘက် ထပ်မံထွက်ပြေးတိမ်းရှောင်နေရတာပါ။

ဒုက္ခသည်တွေဟာ တောထဲမှာ မိုးကာနဲ့ ယာယီတဲထိုးနေရကြောင်း၊ စားနပ်ရိက္ခာကို ကေဘီစီက ထောက်ပံ့ပေမယ့် တစ်လစာအတွက်ဘဲ ကျန်တော့တယ်လို့ ဒေါက်တာဆမ်ဆွန်က ပြောပါတယ်။

မစ္စယန်ဟီးလီဟာ မနေ့ညနေပိုင်းက လူမှုအခြေပြုအဖွဲ့တချို့နဲ့လည်း တွေ့ဆုံခဲ့ပေမယ့် ဘယ်အဖွဲ့တွေနဲ့ တွေ့ခဲ့သလဲဆိုတာတော့ မသိရသေးပါဘူး၊

မြစ်ကြီးနားက ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကတော့  သူတို့နဲ့ မစ္စယန်ဟီးလီ တွေ့ဆုံခြင်းမရှိသလို လူမှုအခြေပြုအဖွဲ့တွေနဲ့ တွေ့ဆုံရာမှာလည်း ဖိတ်ကြားခြင်းမခံရ၊ အသိပေးတာလည်း မရှိတဲ့အတွက် ခွဲခြားဆက်ဆံခံနေရသလို ခံစားရတယ်လို့ အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းစန်းဝေက ဒီဗွီဘီကို ပြောပါတယ်။

မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာစုံစမ်း အစီရင်ခံဖို့ ၁၂ရက်ကြာခရီးစဉ်အဖြစ် မနေ့ကစတင် မြန်မာနိုင်ငံကိုရောက်ရှိ လာရာမှာ ကချင်ပြည်နယ်ကို ပထမဆုံးသွားရောက်ခဲ့တာ ဖြစ်ပါတယ်။

မနေ့ကတော့ မြစ်ကြီးနားမြို့မှာ  ပြည်နယ်အစိုးရတာဝန်ရှိသူတွေ အရပ်ဖက်လူမှုအဖွဲ့အစည်း တွေကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တဲ့အပြင်  မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့နယ်ရှိ  အိုင်ဒီပီဒုက္ခသည် စခန်းတွေကို သွားရောက်ကာ  စစ်ဘေးဒုက္ခသည်တွေနဲ့တွေ့ဆုံဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013