DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးကားလမ်းတွင် ဆိုင်ကယ်ချင်းတိုက်၊ တက္ကသိုလ်ကျောင်းသူ ၁ ဦးသေဆုံး
DVB
·
January 9, 2017
ရန်ကုန်-မန္တလေးကားလမ်းတွင် ဆိုင်ကယ်ချင်းတိုက်၊ တက္ကသိုလ်ကျောင်းသူ ၁ ဦးသေဆုံး
Donate to DVB

ရန်ကုန်-မန္တလေးကားလမ်းမှာ မနေ့က ဆိုင်ကယ်ချင်းတိုက်မိရာမှ စီးပွားရေးတက္ကသိုလ်ကျောင်းသူ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ ရန်ကုန်- မန္တလေးကားလမ်းမိုင်တိုင် ၃၅၈/၂ နေလစက်သုံးဆီအရောင်းဆိုင်အနီးမှာ ကိုကိုထက်အောင် မောင်းနှင်လာပြီး မယမင်းလှိုင် လိုက်ပါလာတဲ့ ဆိုင်ကယ်မှာ ဝမ်းတွင်း-ပင်းတလဲ လမ်းသို့ ရုတ်တရက် ချိုးကွေ့လိုက်ရာ အနောက်မှာ ကပ်လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ချိတ်မိပြီး ဆိုင်ကယ် ၂ စီးပေါ်ပါ လူအားလုံး ဒဏ်ရာအသီးသီးရရှိခဲ့ကြပါတယ်။ မဆုရည်ဖြိုးမှာ ဝမ်းတွင်းပြည်သူဆေးရုံမှ မန္တလေးပြည်သူ့ဆေးရုံကို ပြောင်းလဲဆေးကုသမှု ခံယူရာ ညနေ ၅ နာရီမှာ သေဆုံးသွားခဲ့တာပါ။

“မဆုရည်ဖြိုး မိတ္ထီလာစက်မှုဇုန် ၄ လမ်း မေခလာအဆောင်မှာနေတယ်။ ၀မ်းတွင်းမြို့နဲ့ စီပွားရေး တက္ကသိုလ်က ဆယ်မိုင်လောက်ပဲ ဝေးတာလေ။ ဝမ်းတွင်းဘက် အလည်လာကြတာ။ အက်စီးဒင့် ဖြစ်သွားတာပါပဲ။ မဆုရည်ဖြိုးက ဖြစ်ဖြစ်ချင်းကတည်းက သတိမေ့နေပြီး ယာဘက်နားက သွေးထွက်နေတယ်။ ကိုကိုထက်အောင်ကဝဲဘက်ခြေဖနောင့်နဲ့ ယာဘက်ဒူးပွန်းပဲ့သွားတယ်။ မယမင်းလှိုင်လည်း ဝဲဘက်ခြေထောက်ပွန်းပဲ့သွားတယ်”လို့ ဒုရဲအုပ်အောင်ကိုကိုက ပြောပါတယ်။

“ဆိုင်ကယ်တွေကအရှိန်တွေ သိပ်များတယ်။ သေသွားတဲ့ ကျောင်းသူက လွင့်ကျနေခဲ့တာ။ ဆိုင်ကယ် စီး ဦးထုပ်လည်း ဆောင်းထားတယ်။ အရှိန်ပြင်းတော့ အကျကို ခေါင်းနဲ့ ကျပုံရတယ်။ ရှေ့က ဆိုင်ကယ်က ရုတ်တရက်ကွေ့ချလိုက်တော့ နောက်ကဆိုင်ကယ်ကို ချိတ်ဆွဲသလို ဖြစ်သွားတာပေါ့” လို့ နေလစက်သုံးဆီဆိုင် အရောင်းဝန်ထမ်းတဦးက ပြောပြပါတယ်။

ယာဉ်မဆင်မခြင်မောင်းနှင်တဲ့ ကိုကိုထက်အောင်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၇ (မိမိနဲ့ တခြားသူကို သေစေမှု၊ ထိခိုက်ဒဏ်ရာရရှိစေမှု)နဲ့ အမှတ်ယာဉ်(ပ)၃/၂၀၁၇ ဝမ်းတွင်းမြို့မ ရဲစခန်းဒုရဲအုပ်အောင်ကိုကိုက တရားလိုပြုလုပ်ဖမ်းဆီးအရေးယူအမှုဖွင့် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013