DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့​တွင် ခုံး​ကျော်တံတား​လေး​ခု ​လေး​လအတွင်း​ အပြီး​တည်​ဆောက်မည်
DVB
·
November 28, 2011
ရန်ကုန်မြို့​တွင် ခုံး​ကျော်တံတား​လေး​ခု ​လေး​လအတွင်း​ အပြီး​တည်​ဆောက်မည်
Donate to DVB

ရန်ကုန်မြို့​ ကမာရွတ်မြို့​နယ်မှာရှိတဲ့​ လှည်း​တန်း​လမ်း​ဆုံ၊​ တာ​မွေက တာ​မွေအဝိုင်း​ထိပ်လမ်း​ဆုံ၊​ ဗဟန်း​မြို့​နယ်ထဲက ​ရွှေဂုံတိုင်လမ်း​ဆုံနဲ့​ အင်း​စိန်မြို့​နယ်က ဘုရင့်​နောင်လမ်း​ဆုံ​တွေမှာ ခုံး​ကျော်တံတား​တွေ တည်ဆောက်သွား​မယ်လို့ သိရပါတယ်။

[caption id="attachment_18329" align="alignright" width="300" caption="ကမာရွတ်၊​ လှည်းတန်းလမ်းဆုံအနီး ကားများ ပိတ်ဆို့နေပုံ"][/caption]

နိုဝင်ဘာ ၂၈ ရက်က ​နေပြည်​တော်မှာလုပ်တဲ့​ ဝန်ကြီး​ဌာနသုံး​ခုနဲ့​ ပြည်တွင်း​မီဒီယာ​တွေ ​တွေ့​ဆုံပွဲမှာ စက်မှုနှစ်ဝန်ကြီး​ ဦး​စိုး​သိန်း​က ​ပြောလိုက်တာလို့​ ​တွေ့​ဆုံပွဲတက်ခဲ့​တဲ့​ သတင်း​ထောက်တဦး​က ​ပြောပါတယ်။

 

အခုလို ခုံး​ကျော်တံတား​တွေ တည်​ဆောက်ဖို့​လုပ်တာဟာ ရန်ကုန်မြို့​ပြ ဖွံ့​ဖြိုး​ရေး​အတွက် ဖြစ်တယ်လို့​ ဆိုပါတယ်။

မြို့​ပြစီမံကိန်း​ပညာရှင် ​ဒေါက်တာ​ကျော်လတ်က “ဒီကိစ္စက ဘယ်တိုင်း​ပြည်မှာပဲဖြစ်ဖြစ်၊​ ဘယ်မြို့​မှာပဲဖြစ်ဖြစ် တကယ်လို့​ ကား​ကများ​ပြီး​လို့​ ကျပ်လာတယ်ဆိုရင် တခါတ​လေကျ​တော့​ ဖြတ်တဲ့​နေရာမှာ ​စောင့်​နေရတာ​တွေ ​ရှောင်ရှား​ဖို့​အတွက် ခုံး​ကျော်တံတား​ ​ဆောက်ကြတာ​ပေါ့​။ ကမာရွတ်၊​ ​ရွှေဂုံတိုင်၊​ တာ​မွေ စသည်ဖြင့်​ သုံး​နေရာ​လောက်က​တော့​ တကယ်ကို အ​ရေး​တကြီး​ လို​နေပါတယ်။ အထူး​သဖြင့်​က​တော့​ ရန်ကုန် ​မြောက်ဘက်နဲ့​ ​တောင်ဘက် ဆက်တဲ့​ပြည်လမ်း​ပေါ့​။ ပြည်လမ်း​က ကမာရွတ်​နေရာ တည့်​တည့်​မှာ အဲဒီနား​မှာက လမ်း​ငါး​ခု ဆုံ​နေတာပါ။ အဲ​တော့​ ခုံး​ကျော်တံတား​ရှိတယ်ဆိုရင် ​မြောက်ဘက် ​တောင်ဘက်ကို သွား​နေတဲ့​ ယာဉ်​တွေက မြန်မြန်ဆန်ဆန် ​ရောက်သွား​မှာ​ပေါ့​။ အခု​နေ အဲဒီလမ်း​ကို သွား​ရတာက ​တော်​တော်ကြာတယ်။ မင်္ဂလာဒုံ ​လေဆိပ်က​နေပြီး​တော့​ မြို့​ထဲကို​ရောက်ဖို့​ တနာရီ​လောက် ​မောင်း​ရတယ်။ ခုံး​ကျော်တံတား​ ရှိရင်​တော့​ မြန်လာမှာ​ပေါ့” လို့ ​ပြောပါတယ်။

လော​လောဆယ် အခုနှစ် မိုး​ရွာသွန်း​မှု အဆက်မပြတ်ခဲ့​တာ​ကြောင့်​ ရန်ကုန်မြို့​တွင်း​လမ်း​တွေ ဆိုး​ဆိုး​ဝါး​ဝါး​ပျက်စီး​နေတာ ဦး​စား​ပေး​ပြင်ဆင်သင့်​တယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

ရန်ကုန်မြို့​မှာ ​နေထိုင်သူလူဦး​ရေ​ပေါင်း​ ငါး​သန်း​လောက်ရှိမယ်လို့​ ခန့်​မှန်း​ပြောဆို​နေကြပြီး​ ​နေ့​စဉ်သိန်း​နဲ့​ချီတဲ့​ မြို့​ခံ​တွေ မြို့​ထဲနဲ့​ မြို့​လယ်ကို ခရီး​သည်တင် ဘတ်စ်စကား​တွေ စီး​နင်း​သွား​လာ​နေကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013