DVB Logo
Home
မြန်မာသတင်း
အွန်လိုင်းတွင်ဆုံကာ လိမ်ညာပေါင်းသင်းသည့်အမျိုးသားကို တလင်တမယားဥပဒေဖြင့် တရားစွဲ
DVB
·
January 9, 2017
အွန်လိုင်းတွင်ဆုံကာ လိမ်ညာပေါင်းသင်းသည့်အမျိုးသားကို တလင်တမယားဥပဒေဖြင့် တရားစွဲ
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာမှာ ဇန်နဝါရီ ၆ ရက်နေ့ ညနေက အင်တာနက် Bee Talk မှာတွေ့ရှိ ချစ်ကြိုက်ခဲ့တဲ့ ၃၈ နှစ်အမျိုးသားကို ၂၁ နှစ်အရွယ် အမျိုးသမီးငယ်တဦးက တလင်တမယားဥပဒေနဲ့ တရားလိုပြုတိုင်ကြားခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။

မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာနေ မအိဖြူခေါ်နှင်းနှင်းခိုင်ဟာ ၂၀၁၆ခု ဧပြီလအတွင်းက အွန်လိုင်းပေါ် မှာ ဝင်းမင်းသန့် ခေါ် ရဲနောင် နဲ့ ရင်းနှီးချစ်ကြိုက်ခဲ့ကြပြီး ဝင်းမင်းသန့်က မအိဖြူကို တရားဝင်လက်ထပ်ပေါင်းသင်းပါမယ်လို့ ပြောဆိုစည်းရုံးခဲ့တဲ့အတွက် စက်တင်ဘာလ ၁၂ မှစပြီး မိုးညှင်းမြို့ အောင်ပန်းမြိုင်တည်းခိုခန်းမှာ တည၊ မြစ်ကြီးနားမြို့ အဆွေတော် တည်းခိုခန်းမှာ ၃ ရက် တည်းခိုကာ အကြင်လင်မယားအဖြစ် ပေါင်းသင်းဆက်ဆံခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် ၀င်းမင်းသန့်က အဆက်အသွယ်မလုပ်တော့တဲ့အတွက် စုံစမ်းမှုတွေ ပြုလုပ်ခဲ့ရာ ၀င်းမင်းသန့်မှာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်မှာ တရားဝင်ဇနီးမယားရှိနေကြောင်း သိရတဲ့ အတွက် မိမိအားလိမ်ညာ သားမယားအဖြစ်ပြုကျင့်သူကို အရေးယူပေးဖို့ မိုးညှင်းရဲစခန်းမှာ တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မိုးညှင်းရဲစခန်းမှ ဝင်းမင်းသန့် အား(ပ)၅/၂၀၁၇ တလင်တမယားဥပဒေပုဒ်မ ၁၃ နဲ့ အမှုဖွင့်ဖမ်းဆီး
ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013