DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီမြန်မာပြည်ခရီးစဉ်စတင်
DVB
·
January 9, 2017
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီမြန်မာပြည်ခရီးစဉ်စတင်
1 / 5
Donate to DVB

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေကို လေ့လာစုံစမ်းအကဲဖြတ်ဖို့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံမှာ ၅ ကြိမ်မြောက် ခရီးစဉ်အဖြစ် ရောက်ရှိနေပါတယ်။

ဇန်န၀ါရီ ၉ရက်​​ကနေ ၂၀ရက်အထိ ၁၂ ရက်ကြာခရီးစဉ်မှာ ရန်ကုန်၊ နေပြည်တော်၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ လိုင်ဇာ၊ ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို သွားရောက်မယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ထား ပါတယ်။

မစ္စယန်ဟီးလီဟာ အစိုးရတာဝန်ရှိသူတွေ၊ တပ်မတော်ထိပ်တန်းခေါင်းဆောင်တွေ၊ လွှတ်တော် အမတ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေ၊ အရပ်အဖက် အဖွဲ့အစည်းတွေအပြင် လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။

လွန်ခဲ့တဲ့လအနည်းက ဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်လို့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက သတိနဲ့ ဆက်လက်စောင့်ကြည့်နေတယ်လို့ မစ္စယန်ဟီးလီက ထုတ်ပြန်ချက်မှာပြောပါတယ်။

ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ အရှိန်မြှင့်ဖြစ်ပွားနေတာဟာ အရပ်သား ပြည်သူ တွေအပေါ် ဆိုးဝါးတဲ့သက်ရောက်မှုတွေ အမှန်တကယ်ဖြစ်ပေါ်ခဲ့တာနဲ့အတူ အုပ်ချုပ်ရေး အာဏာစယူတဲ့ ထမနှစ်မှာ အစိုးရသစ်ရဲ့ ဦးတည်ချက်နဲ့ပတ်သက်လို့ စိုးရိမ်သောက ဖြစ်စေတယ်လို့လည်းပြောပါတယ်။

မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ ဒီခရီးစဉ်မှာ လေ့လာစုံစမ်းတွေ့ရှိချက်တွကို လာမယ့် မတ်လ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာ တင်သွားဖို့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013