DVB Logo
Home
မြန်မာသတင်း
ပျက်စီးလယ်မြေကိစ္စ ၁၀ ရက်တွင်း မဖြေရှင်းပေးပါက တရုတ်ကုမ္ပဏီကို တရားစွဲမည်
DVB
·
January 8, 2017
ပျက်စီးလယ်မြေကိစ္စ ၁၀ ရက်တွင်း မဖြေရှင်းပေးပါက တရုတ်ကုမ္ပဏီကို တရားစွဲမည်
Donate to DVB

ရွှေဂက်စ်ပိုက်လိုင်းကြောင့် ပျက်စီးလယ်ယာမြေတွေ ပြန်လုပ်ပေးဖို့နဲ့ ၁၀ ရက်အတွင်း မဖြေရှင်းပေးပါက တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (စီအန်ပီစီ) ကို တောင်သူဘက်တွေက ဥပဒေကြောင်းအရ တရားစွဲဆိုသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၈ ရက်က စစ်တွေမြို့ သဘာဝသယံဇာတ ရုံးခန်းမှာ ပြုလုပ်တဲ့ တရုတ် ဓာတ်ငွေ့သန့်စင်စက်ရုံကြောင့် ပျက်စီးနေတဲ့ လယ်ယာမြေအရေး သတင်းစာရှင်းလင်းပွဲမှာ တောင်သူတွေဘက်က အခုလို တရားစွဲသွားမယ်လို့ ပြောဆိုလိုက်တာပါ။

တောင်သူ ၂၁ ဦးအတွက် ဆုံးရှုံးလယ်ဧက ၁၈ ဧကကျော်ကို ပြန်လည်ပြုပြင်ပေးရေးနဲ့ ၁၀ ရက် အတွင်း တစုံတရားမဖြေရှင်းဘူးဆိုရင် စီအန်ပီစီ ကုမ္ပဏီကို တရားစွဲဆိုသွားမယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းမှ ညှိနှိုင်းရေမှူး ကိုထွန်းကြည်က ဒီဗွီဘီကိုပြောပါတယ်။

“အဓိကကျနော်တို့ တရားစွဲဆိုအပိုင်းကတော့ စီအန်ပီစီ ကုမ္ပဏီက စက်ရုံ တည်ဆောက်သွားတဲ့အတွက် အဲဒီစက်ရုံအောက်မှာရှိတဲ့ လယ်မြေတွေ အကုန်ပျက်စီးသွားပါတယ်။ ဒါက နိုင်ငံတော်အတွက် လိုအပ်တဲ့ သီးသန့်သိမ်းတဲ့ လယ်မြေတွေမဟုတ်ဘူး။ တဖက်မှာ ကျနော် ဒါကိုပြင်လည်ပြုပြင်ဖို့ တောင်းဆိုတဲ့အခါမှာ အမ်အိုဂျီအီး ဘက်ကရော၊ စီအန်ပီစီ ဘက်ကရော တောင်သူတွေ တောင်းဆိုထားတဲ့အတိုင်း ဖြေရှင်းမပေးတဲ့အတွက် တရားစွဲဆိုဖို့အထိ စီစဉ်တာပါ။”

နစ်နာဆုံးရှုံးသွားတဲ့ တောင်သူတွေရဲ့လယ်တွေ ပြန်လည်ပြုပြင်ပေးဖို့ တစုံတရာ တုံ့ပြန်ပြောဆိုတာမရှိဘူးလို့ စီမံကိန်းကြောင့် လယ် ၂ ဧကကျော် ပျက်စီးသွားတဲ့ ဒေါ်ကြည်ကြည်နှင်းက ဒီဗွီဘီကိုပြောပါတယ်။

“ဒီလယ်ယာမြေတွေကို ပြန်လည်ပြုပြင်ပေးဖို့ ကျမတို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဒါပေမယ့် တရုတ် ကုမ္ပဏီက ပေးမယ်ဆိုပြီးတော့ အကြိမ်ကြိမ်ကတိတွေပေးတယ်။ တရုတ်သံအမတ်ရောက်တုန်းက လုပ်ပေးမယ်လို့ ပြောတယ်။ အခုလို တရုတ်ကုမ္ပဏီဘက်က တာာဝန်ယူ တစုံတရာ တုန့်ပြန်တာမရှိဘူး။ အခုအချိန်ထိ နစ်နာနေတဲ့ တောင်သူတွေကို လုပ်မပေးသေးဘူး။ ကျမမှာလည်း အဲဒီစီမံကိန်းကြောင့် လယ် ၂ ဧကကျော် ပျက်စီးသွားတယ်။”

ရွှေဂက်စ်ပိုက်လိုင်းကြောင့် ပျက်စီးလယ်ယာမြေတွေရှိမရှိ၊ ဟုတ်မဟုတ်ဆိုတာကို ၂၀၁၆ ခုနှစ် ၆လ ပိုင်း တရုတ် သံမတ်ကိုယ်တိုင် အပါအဝင် စီအန်ပီစီ တာဝန်ရှိသူတွေ၊ အမ်ဂျီအိုအီး (မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း) က တာဝန်ရှိသူတွေနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ဆည်းမြောင်းဦးဌာန၊ အရပ်ဘက်အဖွဲ့အစည်း ကွင်းဆင်းစစ်ဆေးခဲ့တာပါ။

အဲဒီလို ကွင်းဆင်းစစ်ဆေးတဲ့အခါ ဒီလယ်မြေတွေဟာ တကယ်ပျက်စီးနေတာကြောင့် လျှော်ပေးဖို့ စီအန်ပီစီ ကုမ္ပဏီဘက်ကို ပြောဆိုခဲ့ပေမယ့် အခုအချိန်ထိ တစုံတရ ထူးခြားမှုမရှိဘူးလို့ ပြောပါတယ်။

အခုချိန်အထိ တောင်သူ ၂၁ ဦးတို့အတွက် ဆုံးရှုံးလယ်မြေဧက ၁၈ ဧကကျော် ပြန်လုပ်ပေးဖို့ စီအန်ပီစီ ကုမ္ပဏီဘက်က ကျန်ရှိနေတာပါ။

အခုလို တောင်သူတွေက တရားစွဲဆိုသွားမယ်လို့ သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားလိုက်တာနဲ့ ပတ်သက်ပြီး တရုတ်ကုမ္ပဏီကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရပါဘူး။

သတင်း- ၀ဏ္ဏခွာညို၊ ဓာတ်ပုံ- ထွန်းကြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013