DVB Logo
Home
မြန်မာသတင်း
အေအယ်လ်ဒီ ခွဲထွက်အုပ်စုကို တောင်ကုတ်ဒေသခံအချို့ဆန္ဒပြ
DVB
·
January 8, 2017
အေအယ်လ်ဒီ ခွဲထွက်အုပ်စုကို တောင်ကုတ်ဒေသခံအချို့ဆန္ဒပြ
Donate to DVB

ရခိုင်အမျိုးသားပါတီ(အေအန်ပီ)မှ ခွဲထွက်သွားပြီး ပါတီထူထောင်ရေး ပြန်လည်လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ ကန့်ကွက်ကြောင့် တောင်ကုတ်ဒေသခံအချို့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ မြို့နယ်ခန်းမှရှေ့မှာ ဒေသခံ ၁၃၀ လောက်က ဒီကနေ့နေ့လယ်ပိုင်းမှာ ရခိုင်အမျိုးသားပါတီ (အေအယ်လ်ဒီ) ဦးဆောင်ကော်မတီပါတီ အစည်းအဝေးပြုလုပ်နေအချိန်မှာ အခုလို ဆန္ဒထုတ်ဖော် ပြုလုပ်ခဲ့တာပါ။

ရခိုင်အမျိုးသားပါတီ(အေအန်ပီ)မှ ခွဲထွက်သွားပြီး ပါတီထူထောင်ရေး ပြန်လည်လုပ်ဆောင်နေသူတချို့ကို ကန့်ကွက်ကြောင့် ဆန္ဒပြရတာလို့ ဆန္ဒပြရမှာဦးဆောင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးမောင်မောင်သက်င ဒီဗွီဘီကို ပြောပါတယ်။

“နံပါတ် ၁ အချက် ပါတီကခွဲထွက်ဖို့ဆိုတာကို ကျနော်တို့ သဘောမတူဘူး။ နှစ်အချက် အေအယ်ဒီ အုပ်စုက တောင်ကုတ်မြို့ကိုလာပြီးတော့ ဒီလိုအကွဲအပြဲ မျိုးဖြစ်အောင် စုစည်းအစည်းအဝေး ကျင်းပနေတာကို ကျနော်တို့ ကန့်ကွက်တယ်။ ရခိုင်မှာ အင်အားရှိတဲ့ ပါတီနှစ်ခုကို လူထုရဲ့တောင်းဆိုချက်အရ ပေါင်းစပ်ထားတယ်။ ဖွဲ့စည်းခဲ့တယ်။ ကျနော်တို့ဆန္ဒက နောက်ပါတီအသစ်ဆိုတာကို မလိုချင်ဘူး။ ကျနော်တို့အနေနဲ့ ဘယ်ပါတီရွေး ချယ်ရမလဲ၊ ဘယ်သူ့ကို အဖေခေါ်လို့ ခေါ်ရမှန်းမသိတဲ့ အဖြစ်မျိုးကိုကျနော်တို့ မရောက်ချင်ဘူး။ ဒါကြောင့် ဒီလိုလုပ်ရပ်တွေကို သဘောမတူလို့ ကျနော်တို့ ဆန့်ကျင်ကွက်ဆန္ဒပြတာ။”

ပါတီခေါင်းဆောင် အချင်းချင်းညှိနှိုင်းတိုင်းပင်ပြီး တပါတီတည်းဖြစ်အောင် အမြန်ဆုံးလုပ်ဖို့ လိုတယ်လို့ ဆန္ဒပြ ရမှာပါဝင်တဲ့ ကိုဇော်နိုင်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။

“ကျနော်တို့ ပြန်လည်ပေါင်းစည်းတာကိုပဲ လိုချင်တယ်။ ဒီလိုအကွဲအပြဲဖြစ်နေမယ်ဆိုရင် ဘယ်လို လုပ်ပြီး ညီညွတ်တော့မလဲ။ ခေါင်းဆောင်တွေ သဘေားထား တင်းမှာနေကြတယ်။ ကွဲလွဲနေကြမယ်ဆိုရင် ကျနော်တို့ လူငယ်ဘယ်လိုလုပ် ရှေ့ဆက်မှာလဲ။ နိုင်ငံရေးလောကထဲမှာ ဘယ်လိုလုပ်ခရီဆက်ကြမလဲ၊ ဒီတော့ ခေါင်းဆောင် အချင်းညှိနှိုင်းကြပါ၊ တိုင်ပင်ကြပါ။ ဘယ်လို ပေါင်းစပ်နိုင်လုပ်မလဲဆိုတာ ပြန်သုံးသပ်ကြပါ။ ဒီလောက်ပဲ ကျနော်တို့ လူငယ်တွေပြောချင်ပါတယ်။”

ဒီကနေ့ဆန္ဒထုတ်ဖော်မှုကို တောင်ကုတ်မြို့၊ မြို့နယ်ခန်းမရှေ့မှာ ဒေသခံ ၁၃၀ လောက်က ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး” ရခိုင်တမျိုးသားလုံးပြိုကွဲမည့် အကြံဒို့လက်မခံ၊ “အမျိုးသားစည်းလုံးမှုကို ဖြိုခွဲတဲ့သူ ဒို့လူမျိုး အတွက် ဘုံရန်သူ” ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်က အေအယ်လ်ဒီ ဟာ ရခိုင်ပြည်နယ်များ အမတ်နေရာ အများနဲ့ အနိုင်ရရှိခဲ့ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲမှာ အာအန်ဒီပီ ကတော့ အမတ်အများဆုံးရရှိခဲ့တဲ့ ရခိုင်ပါတီတွေဖြစ်ကြပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ အဲဒီပါတီနှစ်ခုကို ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (အေအန်ပီ) ပါတီအနေနဲ့ ရပ်တည်ခဲ့ကြပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013