DVB Logo
Home
မြန်မာသတင်း
မိုင်းရှူးတွင် တိုက်ပွဲ ၁ နှစ်ခန့်ကြာ မဖြစ်လို့ ကြားဖြတ်ရွေးကောက်ပွဲ လုပ်နိုင်
DVB
·
January 8, 2017
မိုင်းရှူးတွင် တိုက်ပွဲ ၁ နှစ်ခန့်ကြာ မဖြစ်လို့ ကြားဖြတ်ရွေးကောက်ပွဲ လုပ်နိုင်
Donate to DVB

ရှမ်းပြည်နယ် မိုင်းရှူးဘက်မှာ တိုက်ပွဲမဖြစ်တာ ၁ နှစ်လောက် ရှိသွားပြီဖြစ်တာကြောင့် ဒီတကြိမ် ကြားဖြတ်ရွေးကောက်ပွဲ လုပ်နိုင်တယ်လို့ အဲဒီမှာ ၀င်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဒေါ်နန်းကောင်ခမ်းက ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက နယ်မြေမအေးချမ်းလို့ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မိုင်းရှူးမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ ကော်မရှင်က ကြေညာထားပြီး ပါတီ ၅ ခုက ကိုယ်စားလှယ် ၅ ဦးစီ ၀င်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ဒေါ်နန်းကောင်ခမ်းက မိုင်းရှူးမှာ ရှမ်းတိုင်းရင်းသားများ နေထိုင်ကြတာများလို့ ရှမ်းပါတီတွေ အခြေအနေကောင်းနိုင်တယ်လို့ ပြောပါတယ်။

“ရှမ်း အများစု နေထိုင်ပါတယ်၊ ရှမ်းအများစုနေထိုင်တဲ့အတွက်ကြောင့် ရှမ်းပါတီတွေ မျှော်လင့်ချက် ပိုများတာပေါ့လေ၊ မိုင်းရှူးက ကျောက်ထွက်တဲ့နေရာဆိုတော့ လူ စုံပါတယ်၊ လူစုံတဲ့အတွက်ကြောင့်မို့ ဘယ်ပါတီ အနိုင်ရမယ်လို့ အတပ် ပြောလို့ မရပါဘူး။”
၂၀၁၅ တုန်းက ရွေးကောက်ပွဲ မလုပ်ဖြစ်ခဲ့တဲ့ မိုင်းရှူးနဲ့ ကျေးသီးမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့ကြတဲ့ ပြည်ခိုင်ဖြိုးနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ကျားဖြူ တို့အပါအ၀င် ပါတီ ၅ ခုက ကိုယ်စားလှယ်တွေ ၀င်ပြိုင်ကြမှာဖြစ်ပါတယ်။

ဧပြီ ၁ ရက်လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်မှာ အနိုင်ရခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ ၀င်ပြိုင်မှာမို့ ရှမ်းပါတီ ၂ ခု၊ အာဏာရ အန်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးပါတီတို့အနက် ဘယ် ပါတီကိုယ်စားလှယ်တွေ အနိုင်ရမလည်း ဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

ဒေါ်နန်းကောင်ခမ်းကတော့ ကြားဖြတ်ရွေးကောက်ပွဲလုပ်ပြီး ကိုယ်စားလှယ် တင်မြှောက်နိုင်မှပဲ လူထုကိုယ်စား လုပ်ပေးမယ့်သူ ပေါ်ထွက်လာနိုင်မယ်လို့ ဆိုပါတယ်။

“ကြားဖြတ်ရွေးကောက်ပွဲ မရှိဘူးဆိုရင် လူထုရဲ့ ဦးဆောင်သူက မရှိဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့် မိုင်းရှူးမြို့အနေနဲ့ လူထု ဦးဆောင်သူ မရှိတဲ့အတွက်ကြောင့် အစစ အရာရာမှာ ဒုကအပေါင်းနဲ့ ကြုံတွေ့နေရတယ်။ လူထုတွေခံစားနေရတဲ့ ဒုက္ခအပေါင်းကို ဖြည့်ဆည်းပေးချင်တယ်။”

ကြားဖြတ်ရွေးကောက်ပွဲဝင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေဟာ အခုလ ၃၀ ရက်ကစလို့ ၂ လကြာ မဲဆွယ်စည်းရုံးနိုင်ကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013