DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် တောဆင်ရိုင်းတကောင်ထပ်မံ အသတ်ခံရ
DVB
·
January 8, 2017
တိုက်ကြီးတွင် တောဆင်ရိုင်းတကောင်ထပ်မံ အသတ်ခံရ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံသစ်တောကြိုးဝိုင်းအတွင်း ၁၂ ကောင်မြောက် တောဆင်ရိုင်းတကောင် ထပ်မံအသတ်ခံရကြောင်း တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက တောအုပ် ဦးသက်နိုင်ဦးက ဒီဗွီဘီကိုပြောပါတယ်။

ဥက္ကံသစ်တောကြိုးဝိုင်း အကွက်အမှတ် (၇၆)(ဒေသခေါ်) ဘွတ်မြောင်အတွင်း ဇန်နဝါရီ ၇ ရက်နေ့က တောဆင်ရိုင်းတကောင် သေဆုံးနေကြောင်း ဒေသခံတွေရဲ့ သတင်းပေးချက်အရ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာန ဥက္ကံနယ်မြေရဲတပ်ဖွဲ့စခန်းနဲ့ ဆင်ဆရာဝန်ဆင်ဦးစီးတို့က သွားရောက်ကြည့်ရာ တောဆင်ရိုင်းဟာ အစွယ်နဲ့ နှာမောင်းတို့မှာ အဖြတ်ခံထားရပြီး ပုပ်ပွသေဆုံးနေကြောင်း တွေ့ရှိရပါတယ်။

“ကျနော်တို့တွေ့ရှိစစ်ဆေးချက်အရ တောဆင်ရိုင်းမှာ အသက် ၁၂ နှစ်ခန့်ရှိပြီး လုံပတ် ၉ ပေ၊ အမြင့် ၇ ပေ၊ အလျား ၇ ပေ ခန့်ရှိပြီး ဆင်မုဆိုးတွေရဲ့ အဆိပ်လူးမြား ထိခံထားရပြီး သေဆုံးနေတာဖြစ်ပြီး သေဆုံးချိန်က လွန်ခဲ့တဲ့ ၁၅ လောက်က သေဆုံးကြောင်း ခန့်မှန်းရရှိပါတယ်” လို့ ဆင်ဆရာဝန် ဦးဖြိုးသူအောင်က ပြောပါတယ်။

တိုက်ကြီးမြို့နယ်အတွင်း အခုအသတ်ခံရတဲ့ တောဆင်ရိုင်းအပါအဝင် တောဆင်ရိုင်း အသတ်ခံရမူ ၁၂ ကောင်ရှိသွားပြီးဖြစ်ပြီး အုပ်ချူပ်ရေးမှူး ပါဝင်တဲ့ ဆင်သတ်ဂိုဏ်းအဖွဲ့ကို ဒီဇင်ဘာလက ဖမ်းဆီးရမိထားပြီး အခုတခါထပ်မံအသတ်ခံရတာ ဖြစ်ပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013