DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု
DVB
·
January 8, 2017
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှု
Donate to DVB

မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့ဟာ နိုင်ငံရဲ့စီးပွားရေးကို စိတ်ချလောက်တဲ့ အခြေအနေရောက်အောင် သက်သေမပြနိုင်သေးပါဘူး။

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို အမေရိကန်နိုင်ငံ သမ္မတဘားရက်အိုးဘားမား လက်မှတ်ထိုးပြီး ရုတ်သိမ်းလိုက်ချိန် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် မှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအချိန်ကာလ အဆုံးသတ်သွားခဲ့ပါတယ်။

ဆယ်စုနှစ် ၂ ခုကြာပြီးနောက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်းလိုက်တာဟာ အရေးပါလှတဲ့ မှတ်တိုင်တွေ ဖြစ်သလို မြန်မာနိုင်ငံ စီးပွားရေးအတွက်လည်း လက်တွေ့အကျိုးကျေးဇူးတွေ ရရှိပါတယ်။

အဲ့ဒီလိုရုပ်သိမ်းမှုက အမေရိကန်နိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဆက်ဆံမှုတွေကို ပုံမှန်အခြေအနေတစ်ခုအဖြစ် ကိုယ်စားပြုနေပါတယ်။

ပိတ်ဆို့မှုအများစုကို ရုတ်သိမ်းလိုက်ပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံနဲ့ ဒါမှမဟုတ် မြန်မာနိုင်ငံထဲမှာ ကုမ္ပဏီအတော်များများ စီးပွားရေးသွားလုပ်ဖို့ မထိုက်တန်သေးဘူး။

ငွေကြေးနဲ့ နာမည် ၂ ခုစလုံးအတွက် မရည်ရွယ်တဲ့/မသေချာတဲ့ ကွာဟမှုတွေက စွန့်စားမှု ဖြစ်နေတယ်လို့ အချို့တွေကတော့ သတိပေးကြပါတယ်။ ကုန်ကျစရိတ်တွေကလည်း တအားမြင့်နေပါတယ်။

အရေးပါလှတဲ့ အချက်တခုက အထူးအမည်တတ်ထားတဲ့ နိုင်ငံသား (SDN) စာရင်း/စီးပွားရေးပိတ်ဆို့ထားတဲ့ လူစာရင်းကို အိုဘားမားက ပယ်ဖျက်လိုက်တာပါ။

အမေရိကန်နိုင်ငံ စီးပွားရေးပိတ်ဆို့မှု အစီအစဉ်တွေရဲ့ အစစ်အမှန်ကို အမေရိကန်နိုင်ငံရဲ့ ဘဏ္ဍာရေးဌာနအပါအဝင် ဘယ်သူကမှ မသိပါဘူး။ SDN စာရင်းကို ဖျက်သိမ်းလိုက်တာက ဒီမသေချာမှုတွေကို ပယ်ဖျက်လိုက်ပါတယ်။

ရင်းနှီးမြှုပ်နှံနိုင်ချေရှိသူတွေအတွက် စီးပွားရေးပိတ်ဆို့မှုဟာ စဉ်းစားစရာ အခက်အခဲအတားအဆီးတွေထဲက တခုပါ။ ကမ္ဘာ့စီးပွားရေးဘဏ်က နှစ်စဉ်ထုတ်တဲ့ စီးပွားရေးလုပ်ဆောင်မှု စစ်တမ်းမှာ (လျှစ်စစ်ရရှိမှု၊ ပိုင်ဆိုင်မှုပစ္စည်း စာရင်းသွင်းမှုနှင့် အခွန်ဆောင်တာတွေ စတဲ့ လုပ်ငန်းစဉ် ၁၀ ခုကို စစ်ဆေးခြင်း) ၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံဟာ တကမ္ဘာလုံးမှာ အဆင့် ၁၇၀ လိုက်ခဲ့ပါတယ်။

ဒါက ယခင်နှစ်ကထက် တစ်ဆင့်တိုးလာတာ ဖြစ်ပေမယ့် ဆူဒန်၊ အီရတ်နဲ့ ဇင်ဘာဘွေနိုင်ငံတွေရဲ့ နောက်မှာပဲ ရှိနေသေးတာပါ။

မတ်လကတည်းက အာဏာလွှဲပြောင်းယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ ယခင်အစိုးရ စတင်လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အန်အယ်လ်ဒီဟာ နိုင်ငံတကာနဲ့ ပြည်တွင်းကုမ္ပဏီတွေအကြား ဟန်ချက်ညီပြီး မျှတတဲ့ အခြေအနေတစ်ခုဖြစ်မယ့် ရင်းနှီးမြှုပ်နှံမှုအတွက် ရိုးရှင်းပြီး အကျိုးသက်ရောက်စေမယ့် ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကို ထုတ်ပြန်ခဲ့ပါတယ်။

အစိုးရသစ်ဟာ မြန်မာနိုင်ငံရဲ့ရာစုနှစ်လောက် အိုဟောင်းနေတဲ့ စီးပွားရေးကုမ္ပဏီအက်ဥပဒေကို အစားထိုးဖို့ ဥပဒေအသစ်ကိုလည်း လုပ်ဆောင်နေပါတယ်။ ထိုဥပဒေသစ်က ကုမ္ပဏီအကြီးတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ တိုးတက်လာမှာ ဖြစ်သလို ကုမ္ပဏီအသေးတွေအတွက်လည်း  ဝန်ထုတ်ဝန်ပိုးတွေ လျော့ချနိုင်မှာပါ။

အခြားကောင်းတဲ့အချက်တွေက မြန်မာနိုင်ငံဟာ သိပ်မကြာသေးခင်က နယူးယော့ခ်စာချုပ်ကို လက်ခံသဘောတူထားခြင်း၊ ညှိနှိုင်းဆွေးနွေးအဖြေရှာထားတဲ့ ဥပဒေတစ်ရပ် ထုတ်ပြန်ထားခြင်း၊ ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ဗဟိုဘဏ်မှ ၎င်းရဲ့ ပထဦးဆုံး ဘဏ္ဍာရေးဆိုင်ရာ ကတိကဝတ်ပြုမှု လေလံပွဲကို ကျင်းပထားခြင်းတို့ ဖြစ်ပါတယ်။ ဒါတွေက သတင်းကောင်းတွေပါ။

ဒါပေမယ့် ရင်းနှီးမြှုပ်နှံခြေရှိသူတွေကို နှုတ်ဆိတ်ငြိမ်သက်မှုတွေ ပေးနေတုန်းပါပဲ။

အန်အယ်ဒီအစိုးရဟာ နိုင်ငံရဲ့ စီးပွားရေးထက် နိုင်ငံရေးကို စီမံခန့်ခွဲဖို့ ပိုမိုဦးစားပေးနေပါတယ်။

ရွေးကောက်ပွဲမူဝါဒကို ထပ်ညွှန်းတဲ့ ဇူလိုင်လမှာ လူထုကို ချပြခဲ့တဲ့ စာမျက်နှာ ၃ မျက်နှာပါ စာတမ်းကလွဲရင် စီးပွားရေးနဲ့ပတ်သက်တဲ့ အသေးစိတ်မူဝါဒအကြမ်း အစီအစဉ်တွေလည်း မရှိသေးပါဘူး။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခြင်းကလည်း အချိန်ကြာခဲ့ပြီး ၂ လ ကျော်တဲ့အထိ စောင့်ခဲ့ရပါတယ်။ ဒါက စီးပွါးရေးအတွက် အခြေခံတွေဖြစ်ပါတယ်။

သိပ်မကြာသေးခင်လတွေကလည်း နိုင်ငံအနေနဲ့ ပြင်းထန်တဲ့စီးပွားရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ ဘတ်ဂျက် ပြတ်ခဲ့လို့ မြန်မာကျပ်ငွေတွေ တန်ဖိုး လျော့ကျခဲ့ပြီး ငွေကြေးဖောင်းပွမှုကလည်း ပြဿနာတစ်ရပ်အဖြစ် ရှိနေတုန်းပါ။

အန်အယ်လ်ဒီ ကတိကဝတ်ပြုခဲ့တဲ့ “အမှန်တကယ်ပြောင်းလဲမှု” ဆိုတာကို အန်အယ်လ်ဒီရဲ့ အဓိကမဲပေးသူတွေဖြစ်တဲ့ လမ်းထောင့်တွေနဲ့ လယ်ကွင်းတွေမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသား အမျိုးသမီးတွေက အနည်းငယ်သာ တွေ့မြင်နေရတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးကဏ္ဍနဲ့ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်တာတွေကို လူသိရှင်ကြား တိုးမြှင့်လုပ်ဆောင်တဲ့နေရာမှာ သူမရဲ့အချိန်တွေကို ပိုမိုပေးခဲ့ပါတယ်။ (၂၀၁၆ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းမှာ စင်ကာပူကို သွားရောက်လည်ပတ်ခဲ့တာကလည်း အဓိကရည်ရွယ်ချက်တစ်ခုပါ)။

သူမဟာ နိုင်ငံရဲ့စီးပွားရေးသမားတွေကိုလည်း တိုက်တွန်းဖို့ ကြိုးစားခဲ့ပါတယ်။ “ပြီးခဲ့တဲ့ ၆ လ အတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတယ်ဆိုတာကို ကျမလက်ခံပါတယ်” လို့ လူငယ်စီးပွားရေးသမားအဖွဲ့က နေပြည်တော်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလက ပြုလုပ်ခဲ့တဲ့ ထိပ်သီးစည်းဝေးပွဲမှာ ပြောခဲ့ပါတယ်။

“ကျမတို့ ရင်းနှီးမြှုပ်နှံသူတွေကို အခု ဖိတ်ခေါ်နေပါတယ် မြန်မာနိုင်ငံမှာ အလုပ်လုပ်ဖို့ လုံခြုံစိတ်ချရမယ်လို့လည်း ကတိပေးပါတယ်” လို့လည်း ပြောခဲ့ပါသေးတယ်။

ဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ဝေဖန်နေကြပေမယ့် ဝန်ကြီးတွေကို ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်တဲ့အတွက် အန်အယ်ဒီအစိုးရအဖွဲ့မှာ လုပ်ဆောင်နေတာလို့ အန်အယ်ဒီရဲ့ အတွင်းလူတွေက ပြောလိုက်ပါတယ်။

သူ စင်ကာပူ ရောက်ရှိနေတုန်းမှာ သူ့ဝန်ကြီးဌာနတွေ လာဘ်မစားတာမှာ အအောင်မြင်ဆုံးပဲလို့ ပြောခဲ့ပါတယ်။ ဒါကဖြစ်နိုင်ခြေ ရှိပေမယ့် ပြိုင်ဆိုင်မှုဆိုတာကလည်း အရေးကြီးလှပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံရဲ့ ဖြစ်နိုင်ခြေက လျစ်လျူရှုဖို့ သိပ်ကြီးလွန်းနေပါတယ်။ စီးပွားရေး အတော်များများကလည်း ကုန်ကျစရိတ်တွေကြောင့် ဖြစ်မယ့် စိန်ခေါ်မှုတွေကို စောင့်ကြည့်နေကြပါတယ်။

စီးပွားရေးရင်းနှီးမြှုပ်နှံမှု အကြံပေး ကုမ္ပဏီ ရိုလန်ဘာဂါက  လက်တလောပြုလုပ်ထားတဲ့ စီးပွားရေးစစ်တမ်းမှာ စီးပွားရေးလုပ်ငန်းတွေရဲ့ လေးပုံသုံးပုံနီးနီးဟာ လာမယ့်နှစ်မှာ စီးပွားရေးအကွက်အကွင်းတွေ တိုးတက်နိုင်တယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် အရှိန်အဟုန်နဲ့ တိုးတက်လာမှုရဲ့ အဓိကအချက်မှာ ၉၇ ရာခိုင်နှုန်းက အစိုးရရဲ့ စီးပွားရေးမူဝါဒတွေ ပွင့်လင်းမြင်သာမှုကို မြင်တယ်လို့လည်း စစ်တမ်းက ပြောထားပါတယ်။

စစ်တမ်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအစိုးရအနေနဲ့ အကြံပြုမှုတွေကို သတိကောင်းကောင်း ပြုနိုင်မယ်လို့လည်း အကြံပြုထားပါတယ်။

ဇန်န၀ါရီ ၄ရက် ထုတ် SOUTHEAST ASIA  Globe မှ ဆောင်းပါးရှင် Thomas Kean ၏ သုံးသပ်ချက်ကို ဘာသာပြန်ဆို ဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013