DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့တွင် အမျိုးသားတဦး ကြိုးဆွဲချသေဆုံး
DVB
·
January 8, 2017
ဝမ်းတွင်းမြို့တွင် အမျိုးသားတဦး ကြိုးဆွဲချသေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့၊ အမှတ် ၂ သိမ်တော်လေးရပ်ကွက်က နေအိမ်တလုံးမှာ ဇန်န၀ါရီ ၇ ရက်နေ့ မနက် ၁၀ နာရီလောက်က အမျိုးသားတဦး ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ကြိုးဆွဲချသေဆုံးသူဟာ အသက် ၄၄ နှစ်အရွယ် ဦးဇော်ဝမ်းဆိုသူဖြစ်ပြီး အရက်အလွန်အကျွန်သောက်ထားတာ တွေ့ရတယ်လို့ ဒုရဲအုပ် ကြည်မင်းနိုင်က ပြောပါတယ်။

“အရက်အလွန် အကျွံသောက်သုံးထားတဲ့ အရက်ပုလင်းခွံတွေတွေ့ရတယ်။ ကြိုးဆွဲချရာမှာ ပလတ်စတစ်ခုံအနီကို အသုံးပြုထားတာတွေ့ရပြီး နိုင်လွန်ကြိုးအနီရောင်ကို အသုံးပြုထားတယ်။ လည်ပင်းမှာ ကြိုးရာတွေ့တယ်။ အခြားဒဏ်ရာ မတွေ့ရဘူး။”

ဝမ်းတွင်းအမှတ် ၂ သိမ်တော်လေးရပ်မှာနေထိုင်တဲ့ ကိုသိန်းတန်က “အခုလိုမဖြစ်ခင် တပတ်လောက်ကတည်းက ခပ်ကြောင်ကြောင်ဖြစ်နေတယ်။ အရက်ကြောင်ကြောင်တာပေါ့။ သေကြောင်းကြံစည်တဲ့အထိ အရက်ကြောင်ကြောင်သွားတယ်။ စိတ်မကောင်းဘူးဗျာ” လို့ ပြောပါတယ်။

ဦးဇော်ဝမ်း သေဆုံးမှုနဲ့ ပတ်သက်ပြီး သေမှု သေခင်းအရ ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲအုပ် ကြည်မင်းနိုင်က ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် အမှုဖွင့်ဆောင်ရွက်နေပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013